DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ယမန်နှစ်ထက်လျော့နည်း
DVB
·
March 10, 2023
ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ယမန်နှစ်ထက်လျော့နည်း
Donate to DVB

ရခိုင်ပြည်နယ်မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၀ ရက်အထိ ဝင်ရောက် ဖြေဆိုသူ ၁၆,၀၀၀ ကျော်သာရှိပြီး ပြီးခဲ့တဲ့နှစ်ကထက် နှစ်ဆကျော်လောက် လျော့နည်းသွားခဲ့တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးရဲ့ စာရင်းတွေ အရသိရပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမယ်သူ ၁၉,၀၀၀ ကျော် စာရင်းသွင်းထားပေမဲ့ မတ်လ ၁၀ ရက်အထိ ဝင်ရောက် ဖြေဆိုသူ ၁၆,၀၀၀ ကျော်ပဲရှိတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွေစိန် ကပြောပါတယ်။

"ဒီနှစ် ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုဖို့အတွက် စာရင်းပေးထားသူ ၁၉၂၉၀ ဦရှိပြီး ဒီနေ့ မတ်လ ၁၀ ရက်နေ့ သင်္ချာဘာသာ စစ်ပြီးတဲ့အထိတော့ ဝင်ရောက်ဖြေဆိုနေသူ ၁၆၈၅၀ ရှိပြီး ပျက်ကွက်သူကတော့ ၂၄၄၀ ဦးရှိတယ်။ ရခိုင်တစ်ပြည်နယ်လုံး စာစစ်ဌာနကတော့ စုစုပေါင်း ၆၀ ခုရှိတယ်။ ပျက်ကွက်သူ အများစုကတော့ ဖြေဆိုခွင့် စာရင်းပေးထားပြီး ဝင်ခွင့်ကတ်ပြားလာမထုတ်ကြသူတွေ ပိုများတယ်" လို့ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ  ၄၅,၀၀၀ ကျော်ရှိ စာရင်းပေးသွင်းခဲ့ပြီး ဝင်ရောက်ဖြေဆိုသူ ၄၀,၀၀၀ ကျော်ရှိခဲ့တာကြောင့် အခုနှစ်မှာ  ပြီးခဲ့တဲ့ နှစ်ကထက် ဖြေဆိုသူ ထက်ဝက်ကျော် ကျဆင်းသွားတာဖြစ်ပါတယ်။

မနှစ်က ဝင်ရောက်ဖြေဆိုသူ ၄၀,၀၀၀ ကျော်အနက်က အောင်မြင်ခဲ့သူ ၁၉,၀၀၀  ကျော်ရှိပြီး အောင်ချက် ရာခိုင်နှုန်း ၄၇ ဒသမ ၂၅ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့လည်း  အခုနှစ်တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ၁၇၉,၀၀၀ ကျော်သာရှိပြီး  ပြီးခဲ့တဲ့ နှစ်တွေကထက် ထက်ဝက်ကျော်ခန့် ကျဆင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူတွေသန်းနဲ့ချီရှိပြီး ငွေကြေးတတ်နိုင်သူတွေဟာလည်း သားသမီးတွေကို နိုင်ငံခြားတွေမှာ စေလွှတ် ပညာသင်ကြားနေကြတာတွေလည်း ရှိနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013