DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့မွေထိုင်းလက်ဝှေ့အဖွဲ့က ဂုဏ်ပြုရွေးချယ်သည့် ထိပ်တန်းအမျိုးသမီးလက်ဝှေ့မယ် ၁၀ ဦးတွင် ဘရော်နီကာ ပါဝင်
DVB
·
March 9, 2023
ကမ္ဘာ့မွေထိုင်းလက်ဝှေ့အဖွဲ့က ဂုဏ်ပြုရွေးချယ်သည့် ထိပ်တန်းအမျိုးသမီးလက်ဝှေ့မယ် ၁၀ ဦးတွင် ဘရော်နီကာ ပါဝင်
Donate to DVB

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့မွေထိုင်းလက်ဝှေ့အဖွဲ့(WMO)က ထိပ်တန်းမွေထိုင်းလက်ဝှေ့မယ် ၁၀ ဦးကို ရွေးချယ်ဖော်ပြရမှာ မြန်မာနိုင်ငံက  ကယန်းကျားသစ်မယ် ဘရော်နီကာလည်း ပါဝင်ပါတယ်။

ကမ္ဘာ့မွေထိုင်းလက်ဝှေ့အဖွဲ့က ဂုဏ်ပြုရွေးချယ်ထားတဲ့ အမျိုးသမီးလက်ဝှေ့သမား ၁၀ ယောက်ထဲမှာ အမေရိကန်က ၂ ယောက်၊ ထိုင်းက ၃ ယောက်၊ ယူကေက ၂ ယောက်၊ မြန်မာ၊ ပြင်သစ်နဲ့ ဩစတြေးလျက  မွေထိုင်းလက်ဝှေ့သမား ၁ ဦးစီ ပါဝင်ပါတယ်။ 

အမေရိကန်နိုင်ငံသူ မွေထိုင်းလက်ဝှေ့မယ်   Sylvie Von Duuglas.Ittu က နံပါတ်၁ နေရာမှာ ရွေးချယ်ဖော်ပြထားပြီး မြန်မာနိုင်ငံက ကယန်းကျားသစ်မယ် ဘရော်နီကာ (Vero Vor.Rujinrawong) ကိုတော့   နံပါတ် ၇ နေရာမှာ ဖော်ပြထားပါတယ်။

No description available.

ဒီလိုရွေးချယ်ဖော်ပြခံရတဲ့အပေါ် ဘရော်နီကာက “ကျနော့်အနေနဲ့ အမျိုးသမီးတယောက်၊ ဖိုက်တာ တယောက်မှာ ဒီလိုနေရာရမယ်လို့လည်း တခါမှမတွေးဖူးဘူးပေါ့နော်။ နိုင်ငံကိုယ်စားပြုအနေနဲ့ ပြီးတော့လည်း အမျိုးသမီးတယောက်အနေနဲ့ ဒီလိုမျိုး နေရာအထိ လုပ်ဆောင်နိုင်သွားတာကိုလည်း ကိုယ်မစဉ်းစားဘူး။ မတွေးမိဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ကြိုးစားမှု အပေါ်မှာ သူတို့ကိုယ့်ကို အဲလိုမျိုး အသိအမှတ်ပြုတဲ့အတွက်လည်း ကျနော်ကိုယ့်ကိုယ်ကိုလည်း အရမ်းဂုဏ်ယူတာပေါ့”လို့ ဒီဗွီဘီကို ပြောပါတယ်။

Thai Fight မှာ ဝင်ရောက်ပြီး လက်ဝှေ့ထိုးသတ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီး ခက်ခက်ခဲခဲနဲ့ နေရာရလာတဲ့အတွက် ပရိသတ်အတွေအနေနဲ့ အားပေးကြဖို့လည်း ဘရော်နီကာက တိုက်တွန်းထားပါတယ်။

“ဒီလိုမျိုးနေရာရဖို့ ကျနော်အခက်အခဲတွေ အများကြီးကြုံတွေ့ခဲ့ရတာပေါ့နော်။ အားကစားနဲ့ ပတ်သက်ပြီးတော့။ ပြီးတော့ စားရေးသောက်ရေးတွေရော၊ အများကြီးကျော်ဖြတ်ပြီးတော့ ဒီလိုမျိုးနေရာတခုရောက်ရှိလာတာပေါ့။ အဲဒါကြောင့်မို့ ကျနော် ဘယ်နေရာပဲ ရောက်ရောက် ကျနော့်ကို ဆက်လက်ပြီးတော့ အားပေးဖို့ ကျနော်ပြောချင်တယ်။”

အသက် ၂၆ နှစ်အရွယ် ဘရော်နီကာဟာ  ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ “Thai Fight 100 years Nakornban” မွေထိုင်းလက်ဝှေ့ပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး အန်ယူဂျီအစိုးရကလည်း သူကို  ဂုဏ်ပြုခဲ့ပါတယ်။

ဘရော်နီကာဟာ ONE Championship အဖွဲ့အစည်းရဲ့ MMA ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ထိုးသတ်နိုင်ဖို့လည်း ကြိုးစားနေသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013