DVB Logo
Home
မြန်မာသတင်း
ကယားတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေသူ ၉၀၀ ကျော်ရှိပြီး စာစစ်ဌာန ၄ ခုသာ ဖွင့်လှစ်နိုင်
DVB
·
March 8, 2023
ကယားတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေသူ ၉၀၀ ကျော်ရှိပြီး စာစစ်ဌာန ၄ ခုသာ ဖွင့်လှစ်နိုင်
Donate to DVB

ဒီနေ့ မတ်လ ၈ ရက် ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကယားပြည်နယ်ရဲ့ မြို့နယ်လေးခုမှာ စာစစ်ဌာန ၄ ခုသာ ဖွင့်လှစ်နိုင်ပြီး ဝင်ရောက်ဖြေဆိုသူ အရေအတွက်က ၉၀၀ ကျော်ပဲရှိတယ်လို့ ပညာရေးဌာန အသိုက်အဝန်းက သိရပါတယ်။

ကယားပြည်နယ်မှာ လွိုင်ကော်မြို့၊ ရှားတောမြို့၊ ဖရူဆိုမြို့၊ ဒီးမော့ဆိုမြို့၊ မယ်ဆယ်မြို့၊ ဘော်လခဲမြို့၊ ဖားဆောင်းမြို့နယ်ဆိုပြီး မြို့နယ် ၇ ခုအထိ ရှိပါတယ်။

ဒါပေမဲ့ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်ဆယ် အစရှိတဲ့ မြို့နယ် ၄ ခုမှာပဲ စာစစ်ဌာနတွေ ဖွင့်လှစ်နိုင်ပြီး အရင်နှစ်ကလည်း စာစစ်ဌာန ၄ ခုသာ ဖွင့်လှစ်နိုင်ခဲ့သလို တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့ စာရင်းပေးထားသူ ၉၉၅ ဦးအနက် ကျောင်းသားကျောင်းသူပေါင်း ၉၂၁ ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်သူ ၇၄ ဦးရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်အထိ ကယားပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ စာစစ်ဌာနပေါင်း ၂၀ ကျော်အထိ ဖွင့်လှစ်ခဲ့သလို ဝင်ရောက်ဖြေဆိုသူ ဦးရေဟာ တပြည်နယ်လုံးဆိုရင် ၈,၀၀၀ နီးပါးအထိ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီတပ်တွေရဲ့ နယ်မြေစိုးမိုးနိုင်မှုတွေ များပြားလာတာနဲ့အတူ စစ်ကောင်စီကပြုလုပ်တဲ့ စာမေးပွဲ ၂ ကြိမ်လုံးကို စာစစ်ဌာန ၄ ခုအထိပဲ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လာမယ့်ပညာသင်နှစ်မှာ တနိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ကြုံးဝါးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013