DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ်တွင် သစ်တောပြုန်းတီးမှုကိုထိန်းသိမ်းရန် သစ်ပင်ပြန်စိုက်မည်
DVB
·
March 7, 2023
ကရင်နီပြည်နယ်တွင် သစ်တောပြုန်းတီးမှုကိုထိန်းသိမ်းရန် သစ်ပင်ပြန်စိုက်မည်
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်တခုလုံးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေက တောင်တန်းတွေရဲ့ ပျက်စီးနေတဲ့ မြေဆီလွှာတွေ ထိန်းသိမ်းဖို့နဲ့ သစ်တောပြုန်းတီးနေတာကို ထိန်းသိမ်းဖို့အတွက် စိမ်းလန်းမြေတောင်တန်းဒေသ သဘာ၀ထိန်းသိမ်းရေးအဖွဲ့က  ဒေသခံပြည်သူတွေနဲ့လက်တွဲပြီး သစ်ပင်တွေ ပြန်စိုက်ဖို့ရှိနေပါတယ်။

လတ်တလောမှာတော့ ဒေသခံတွေရဲ့ အစီအစဥ်နဲ့ သစ်တောတွေစိုက်ဖို့ စီစဥ်ထားခဲ့ပေမဲ့ စစ်ရေးအရှိန် မြင့်တက်နေတာကြောင့် ဧက ၅၀ လောက် စိုက်သွားဖို့ စီစဥ်နေတယ်လို့ မတ် ၇ ရက် ဒီနေ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူ မတူးမေ က ပြောပါတယ်။

ကရင်နီ ဒေသခံတယောက်က“သစ်တောတွေက အရင်ဘိုးဘွားလက်ထက်ကတည်းက အိမ်တွင်းသုံးဖို့ ထင်းကနေ ထုပ်လုပ်ရောင်းချတဲ့အထိ လုပ်ခဲ့လို့ ပြုန်းတီးမှုတွေရှိသလို အခုခေတ်မှာလည်း စစ်ဘေးရှောင်တွေ တိုးလာတာနဲ့အမျှ သစ်တောတွေလည်း ထိခိုက်လာခဲ့ပါတယ်။ အခုလည်း ဒီအဖွဲ့က ပညာပေးတာတွေ ထောက်ပံ့ကူညီတာတွေလည်း လုပ်ပေးတယ်။ အခု အလုပ်ကလည်း ကိုယ့်ဒေသအတွက် သစ်တောတွေ ကောင်းလာမယ်၊ မြေဆီလွှာတွေ ထိန်းသိမ်းပြီးသားဖြစ်မယ် ဆိုတာကြောင့် အဲဒီကရတဲ့ အကျိုးအမြတ်က တန်ဖိုးမဖြတ်လို့ မရနိုင်ဘူး”လို့ ပြောပါတယ်။

လတ်တလောမှာတော့ ကရင်နီပြည်နယ်မှာ ဒေသခံ PDF၊ ဒေသခံ EAO တွေနဲ့ စစ်ကောင်စီတို့ နေ့စဥ်နဲ့အမျှ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ 

Karenni Society Network ရဲ့  ၂၀၂၂ ခု ဒီဇင်ဘာလ အစီရင်ခံစာမှတ်တမ်းအရ စစ်ကောင်စီက ကရင်နီပြည်နယ်ကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းအပြင် လေကြောင်းတွေကပါ တိုက်ခိုက်နေတဲ့အတွက်ကြောင့် စစ်ဘေးရှောင် ဦးရေ ၂၀၂၀၀၀ ကျော်အထိ တိုးလာနေပြီး၊ မြေပြင်အခြေအနေအရ အဲဒီထက်လည်း ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆောင်ရွက်နေတဲ့ NGO ၄၅ ဖွဲ့ က ရပ်တန့်လိုက်တဲ့အတွက် လတ်တလော ကရင်နီပြည်နယ်ထဲက သစ်တောပြုန်းတီးမှုနဲ့ပတ်သက်ပြီး အချက်အလက် မရရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013