DVB Logo
Home
မြန်မာသတင်း
မောင်တော နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး လက်နက်ခဲယမ်းများယူပြီး ထွက်ပြေး
DVB
·
March 7, 2023
မောင်တော နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး လက်နက်ခဲယမ်းများယူပြီး ထွက်ပြေး
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၉)က နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးယောက် လက်နက်ခဲယမ်းတွေနဲ့အတူ  မတ် ၆ ရက် မနက်ပိုင်းမှာ ထွက်ပြေးသွားတယ်လို့ တပ်တွင်း သတင်းတွေအရ သိရပါတယ်။

နယ်ခြားစောင့်တပ်နဲ့ နီးစပ်သူတဦးက “နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး လက်နက်ခဲယမ်းတွေယူပြီး ရက္ခိုင့်တပ်တော်(အေအေ) ရှိရာဘက် ထွက်ပြေးသွားကြတယ်လို့ သိရတယ်။ လက်နက်တွေ ပါသွားတော့ စခန်းတခုလုံး သဲကြီးမဲကြီး လိုက်ရှာနေကြတယ်။ နာမည်တွေတော့ မသိဘူးဗျ။ ပြည်မဘက်က တာဝန်ကျလာတာလို့တော့ သိရတယ်။ မေယုတောင်တန်းက အေအေစခန်းတွေဆီ ထွက်ပြေးသွားကြသလားဆိုပြီး သူတို့တွေ ပြောနေကြတယ်”လို့ ပြောပါတယ်။

အသစ်တည်ဆောက်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၉ ဟာ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်မှာ မီးလောင်သွားတဲ့ မြင်းလွှတ်ကျေးရွာအုပ်စု မွတ်ဆလင်ကျေးရွာတွေ နေရာမှာ ရှိတာ ဖြစ်ပါတယ်။

လက်နက်ခဲယမ်းတွေနဲ့အတူ ထွက်ပြေးသွားကြသူတွေဟာ တပ်ရင်းအရှေ့ဘက် မယူတောင်တန်းရှိ ရက္ခိုင့်တပ်တော်(အေအေ) ရှိရာဘက် ထွက်ပြေးသွားနိုင်ကြောင်း တပ်တွင်းသတင်းတွေအရ သိရပါတယ်။

အခုနှစ် ဇန်နဝါရီ ၃၁ ရက်ကလည်း မောင်တောမြို့အဝင်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၅ မှ  ထွက်ပြေးသွားတဲ့ နယ်ခြားစောင့်တပ်သားတဦးကို ဖေဖော်ဝါရီ ၁ ရက် ညနေ ၅ နာရီကျော်လောက်က စစ်တွေမြို့ ပြည်တော်သာရပ်ကွက်၊ ခိုင်သဇင်ပန်းခြံအနီးရှိ ချောင်းထဲ ဆင်းပြေးစဥ် စစ်သားတွေနဲ့ ရဲတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ အလွတ်သဘော အပစ်အခတ် ရပ်စဲထားကြပေမဲ့ စစ်ကောင်စီတပ်အတွင်း ယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနေသလို အထက်အရာရှိတွေရဲ့ ဖိနှိပ်မှုတွေကြောင့် အခုလို တပ်ပြေးတွေ တရက်တရက် များလာနေကြောင်း ရခိုင်စစ်ရေးနဲ့ နိုင်ငံရေး လေ့လာသူတွေက ထောက်ပြကြပါတယ်။

ရက္ခိုင့်တပ်တော်(အေအေ) ပြောခွင့်ရ ခိုင်သုခကတော့ စစ်ကောင်စီတပ်သား အရေအတွက် ရာနဲ့ချီပြီး အေအေဘက်ကို ခိုလှုံလာနေတာရှိကြောင်း ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013