DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသ နွေဦးစစ်ဆင်ရေးအတွက် ရန်ပုံငွေလိုအပ်နေဟု KNDF ထုတ်ပြန်
DVB
·
March 7, 2023
ကရင်နီဒေသ နွေဦးစစ်ဆင်ရေးအတွက် ရန်ပုံငွေလိုအပ်နေဟု KNDF ထုတ်ပြန်
Donate to DVB

ကရင်နီပြည် စစ်ဒေသအတွင်း စစ်ကောင်စီတပ်က အင်အား ၁၅၀၀ လောက်ရှိတဲ့ စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်စတင်နေပြီး လတ်တလောမှာတော့ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ အမှတ် ၁ ရဲ့ နွေဦးစစ်ဆင်ရေး ရန်ပုံငွေလိုအပ်ချက်အတွက် မတ် ၁၁ ရက်က စတင်ကာ ရန်ပုံငွေရှာဖွေရေးအလှူခံပွဲ ပြုလုပ်သွားမယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ KNDF ထိန်းချုပ်ခဲ့တဲ့ နန်းမယ်ခုံမြို့ကို လက်လွှတ်ခဲ့ရပြီးတော့ လတ်တလောမှာတော့ ကရင်နီပြည်တပ်ပေါင်းစုအနေနဲ့ စခန်းကြီး ၃ ကို သိမ်းယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်အတွင်း စစ်ဆင်ရေးနဲ့ စပ်လျဥ်းပြီးတော့ Chain of Command ကိစ္စရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် ERO ၊ PDF တွေနဲ့လည်း ဆွေးနွေးသဘောတူညီမှု ရရှိပြီး ဖြစ်တယ်လို့ KNDF က ပြောပါတယ်။

အခုနွေရာသီမှာတော့ စစ်ရေးအရှိန်မြှင့်နေတာကြောင့် ကရင်နီပြည် စစ်ဆင်ရေးတွေအတွက် လိုအပ်တဲ့ ရန်ပုံငွေရှာဖွေမှုမှာ စစ်ဆင်ရေးအတွင်း လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေနဲ့ အသုံးပြုမယ့် လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းချပြတာ၊ ပြီးခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကုန်ကျစရိတ်တွေ၊ တင်ရှိနေတဲ့ ပေးချေရမယ့် ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေ၊ KNDF က ထုတ်လုပ်ခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို အပတ်စဉ် စနေနေ့တိုင်း ဟောပြောပွဲအစီအစဉ်နဲ့အတူ ဧပြီ ၁၁ ရက်အထိ ၁ လတာ ရန်ပုံငွေအလှူခံသွားဖို့ စီစဉ်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲအကြိမ်ရေ ၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၅ ယောက် သေဆုံးကာ ၁၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း ကရင်နီပူးပေါင်းတပ်တွေက လက်နက် ၃၄ လက်၊ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ပြီး KNDF ဘက်ကတော့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရကာ ကျဆုံးသွားတဲ့ ရဲဘော်တွေကို အမျိုးသားအာဇာနည်အဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်းလည်း ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလအတွင်း ဒီးမော့ဆို၊ ဖရူဆို၊လွိုင်ကော်၊ဖယ်ခုံမြိုနယ်တွေမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ လက်နက်ကြီးတွေ ပစ်ခတ်တာ၊ စစ်ဘက်-အရပ်ဘက် မခွဲခြားဘဲ စစ်ရှောင်စခန်းတွေ၊ ကျေးရွာတွေ၊ ဘာသာရေး ဆိုင်ရာနေရာတွေကို လေကြောင်းနဲ့ စုစုပေါင်း ၆ ကြိမ်တိုက်ခိုက်ခဲ့ကြပြီး လက်နက်ကြီးနဲ့ တိုက်ခိုက်မှုကြောင့်  ကလေးသူငယ်တွေအပါအဝင် အရပ်သား ၈ ယောက် သေဆုံးခဲ့ရပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်နက်ကြီးထိမှန်မှုကြောင့် လူနေအိမ် ၉ လုံး၊ ဆေးပေးခန်း ၁ ခန်း၊ ဘာသာရေးအဆောက်အဦး ၄ လုံး ပျက်စီးခဲ့ရတယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013