DVB Logo
Home
မြန်မာသတင်း
ပုလောမြို့ပေါ်က စားနပ်ရိက္ခာများ ပြင်ပသယ်ယူခွင့် စစ်ကောင်စီတပ် ပိတ်ပင်
DVB
·
March 3, 2023
ပုလောမြို့ပေါ်က စားနပ်ရိက္ခာများ ပြင်ပသယ်ယူခွင့် စစ်ကောင်စီတပ် ပိတ်ပင်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စားနပ်ရိက္ခာ‌တွေကို မြို့ပေါ်ကလွဲပြီး တခြား‌နေရာဒေသတွေကို သယ်ယူခွင့်မရတော့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း ပုလောမြို့နယ်မှာ အရင်ကထက် စည်းကမ်းတင်းကျပ်တာတွေ ရှိလာတယ်လို့ သိရပြီး မကြာခဏဆိုသလို စစ်ကောင်စီဘက်က ပိတ်ပင်တားဆီးတာမျိုးတွေ လုပ်ဆောင်လာတယ်လို့လည်း သိရပါတယ်။

ပုလောမြို့နယ်ထဲရှိ ပလမြို့၊ ပလောက်မြို့က ကျေးရွာတွေက ဒေသခံတွေဟာ မြို့ပေါ်မှာ အသားငါးနဲ့ သီးနှံတွေ လာရောင်းကြပြီး အိမ်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ပြန်ဝယ်သွားတာတွေ လုပ်လေ့ရှိကြတာဖြစ်ပြီး အခုလိုပိတ်ပင်မှုကြောင့် အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

ဒေသခံတဦးက “ရုတ်တရက် ပိတ်ပင်လိုက်တာ၊ အခုဆို မြို့ပေါ်မှာလာရောင်းပြီး ရွာဘက်ကိုတော့ လိုအပ်တဲ့ရိက္ခာတွေ ပြန်သယ်သွားလို့မရဘူး။ ဒီရွာတွေဘက်မှာဆို ဓာတ်ဆီတွေလည်း သယ်မရ‌တော့ အခက်အခဲ ဖြစ်လာနိုင်တယ်။ ဆိုင်ကယ်နဲ့ ဆီဖြည့်မှ ရတယ်တဲ့။ အပိုဝယ်ခွင့် ပိတ်ထားတယ်တဲ့။ အိမ်အတွက်လိုအပ်တဲ့ပစ္စည်းတွေ ဝယ်သွားလို့ မရတော့ဘူး။ ပုလောမှာ စည်းကမ်းတွေ ပိုတင်းကျပ်လာတယ်” လို့ ပြောပါတယ်။

အဆိုပါ စားနပ်ရိက္ခာသယ်ယူခွင့်ကို အခုရက်ပိုင်းကစပြီး ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ သိရပေမဲ့ ဘယ်အချိန်ထိ ပိတ်ပင်ထားမလဲဆို‌တာတော့ မသိရသေးကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း စစ်သုံးဆီသယ်ယူခွင့်ကို အကန့်အသတ်နဲ့ သယ်ယူခိုင်းတာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပုလောမြို့နယ်မှာ စစ်အုပ်ချုပ်ရေး သတ်မှတ်ပြီးနောက် စစ်ကောင်စီဘက်က တဖြည်းဖြည်း ပိတ်ပင်တားဆီးတာတွေ လုပ်လာတဲ့အပြင် မြို့အဝင်အထွက် ဂိတ်စခန်းတွေမှာလည်း ဆက်ကြေးကောက်ခံပြီး အတင်းအကျပ် စစ်ဆေးတာမျိုးတွေ လုပ်ဆောင်လာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013