DVB Logo
Home
မြန်မာသတင်း
အထည်ချုပ်စက်ရုံ ၂ ရုံ ပိတ်သိမ်းသဖြင့် အလုပ်သမား ၂,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်
DVB
·
February 28, 2023
အထည်ချုပ်စက်ရုံ ၂ ရုံ ပိတ်သိမ်းသဖြင့် အလုပ်သမား ၂,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံနှစ်ရုံ ပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမား ၂,၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က ထုတ်ပြန်ပါတယ်။

အလုပ်သမား ၁,၀၀၀ ကျော်ဆီနဲ့ လည်ပတ်နေတဲ့ GTIG အထည်ချုပ်စက်ရုံနဲ့ GY Sen အထည်ချုပ်စက်ရုံတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့မှာ ပိတ်သိမ်းလိုက်ကြတာ ဖြစ်ပါတယ်။

အဲဒီလို စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်သမားထောင်နဲ့ချီ အလုပ်လက်မဲ့ဖြစ်ကြရပြီး အလုပ်ပြန်ရဖို့ မလွယ်နိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ STUM တာဝန်ရှိသူတဦးက ပြောတယ်။

“အလုပ်သမားတွေအနေနဲ့ ခက်ခက်ခဲခဲ အခြေအနေ ရင်ဆိုင်ရတော့မှာ။ နောက်အလုပ်တခု ပြန်ရဖို့ဆိုတာ မလွယ်ဘူး။”

အခုပိတ်သိမ်းလိုက်တဲ့ စက်ရုံနှစ်ခုလုံးဟာ တရုတ်နိုင်ငံသားပိုင်တွေဖြစ်ပြီး Primark အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေတာလို့လည်း STUM က ထုတ်ပြန်ထားပါတယ်။

စက်ရုံပိတ်သိမ်းလိုက်တဲ့အတွက် နို့တစ်ကြေးနဲ့ လုပ်သားနစ်နာကြေးတွေကို ပြန်ထုတ်ပေးမယ်ဆိုပြီး စက်ရုံတွေက အသိပေးထားတယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ စက်ရုံကို ယာယီ ဒါမှမဟုတ် အပြီးပိတ်သိမ်းတာ ဟုတ်မဟုတ် မသိရသလို သက်ဆိုင်ရာ အလုပ်သမားရုံးဆီ ပိတ်သိမ်းခွင့်တင်ထားခဲ့တာ မရှိဘဲ ပိတ်လိုက်တာလို့လည်း STUM က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013