Home
မြန်မာသတင်း
မြဝတီမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ပြန်ဖွင့်
DVB
·
February 28, 2023
333528470_2206858852830616_5650438948444553172_n

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ ရွှေမြဝတီဈေးအလွန်မှာရှိတဲ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ထုတ်ပေးရုံးကို နည်းပညာစနစ်တွေ အဆင့်မြှင့်တင်နေလို့ဆိုပြီး ယာယီပိတ်ထားရာက ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားတာတွေကို စတင်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

နိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူတွေဟာ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားမူရင်းတို့ကို ယူဆောင်လာရမှာဖြစ်ပြီး နိုင်ငံရေးပါတီတခုခုနဲ့ ဆက်စပ်နေပါက ပါတီရဲ့အကြီးအကဲ ရုံးတံဆိပ်ပါ ထောက်ခံစာတို့ကို ယူဆောင်သွားရမှာဖြစ်ပါတယ်။

NGO အဖွဲ့အစည်း တခုခုမှဖြစ်ပါက သက်ဆိုင်ရာအကြီးအကဲရဲ့ ရုံးတံဆိပ်ပါ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံစာ၊ ဝန်ထမ်းဖြစ်ပါက ပြည်ပခွင့်လက်မှတ်၊ စစ်တပ်ကဖြစ်ပါက ကက(ကြည်း) ထောက်ခံစာ ပါရှိရမယ်လို့ ဆိုပါတယ်။

အလားတူ အငြိမ်းစားဝန်ထမ်းဖြစ်ပါက ပင်စင်စာအုပ် (သို့) အငြိမ်းစားစာအုပ်၊ ထုတ်ပယ်ခံရတဲ့ဝန်ထမ်းဖြစ်ပါက ထုတ်ပယ်စာ၊ ပြစ်ဒဏ်ကျခံဖူးသူဖြစ်ပါက ထောင်လွတ်ဝရမ်းစာ၊ ရဟန်းသံဃာဖြစ်ပါက မြို့နယ်သံဃနာယကအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ သာသနာဝင်ကတ်ပြားတို့ ပါရှိရမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ အွန်လိုင်းဘွတ်ကင်စနစ်သစ်နဲ့ ပြန်လည်လျှောက်ထားခွင့်ပြုခဲ့ပေမဲ့ Online Appointment System လိုအပ်ချက် အနည်းငယ်ရှိသွားတာကြောင့် ပြန်လည်မွမ်းမံမှုတွေ ပြုလုပ်ဖို့ဆိုပြီး ဖေဖော်ဝါရီ ၂၇ ရက်က ရပ်ဆိုင်းခဲ့ပေမဲ့ မြဝတီမြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကိုတော့ ပြန်လည်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024