DVB Logo
Home
မြန်မာသတင်း
အင်းစိန်တွင် အမျိုးသား ၁ ဦးကို ဓားဖြင့်ထိုးပြီး ပိုက်ဆံအိတ်လု
DVB
·
February 22, 2023
အင်းစိန်တွင် အမျိုးသား ၁ ဦးကို ဓားဖြင့်ထိုးပြီး ပိုက်ဆံအိတ်လု
Donate to DVB

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက် ၁၄ လမ်းဆုံအနီးမှာ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက အလုပ်ကပြန်လာတဲ့ အမျိုးသားတဦးကို  လူတဦးက ဓားနဲ့ထိုးပြီး ပိုက်ဆံအိတ် လုသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

အလုပ်ကနေ စက်ဘီးနဲ့ပြန်လာတဲ့ လူငယ်တဦးရဲ့ ပိုက်ဆံအိတ်ကို ၁၄ လမ်းဆုံမှာ အမည်မသိ အမျိုးသားတွေက ဝိုင်းလုခဲ့ရာ အဆိုပါလူငယ်က ပြန်လည်ခုခံတဲ့အတွက် ဓားနဲ့ထိုးသွားတာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပိုက်ဆံလုတဲ့သူက သုံးယောက်၊ အလုခံတဲ့လူက ပိုက်ဆံအိတ်ပါမှာစိုးလို့ ပြန်ခုခံတာပေါ့။ ခုခံလို့ဆိုပြီး ဓားနဲ့ထိုးသွားတာ၊ သေတော့မသေဘူး၊ ပရဟိတအဖွဲ့တွေက ဆေးရုံပို့ပေးလိုက်တယ်။”

ဓားနဲ့အထိုးခံရတဲ့ အမျိုးသားကို လူနာတင်ယာဥ်နဲ့ ရွှေမေတ္တာ အခမဲ့လူမှုကူညီရေးအသင်းက အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အင်းစိန်နဲ့ ရွှေပြည်သာမှာ လုယက်မှုက တနေ့ကို သုံးမှုလောက်ဖြစ်တယ်။ အလုခံရရင် သေရင်သေ၊ မသေရင် ဒဏ်ရာရ၊ ရဲက ဖမ်းဆီးတာမရှိတော့ ပိုပြီးအတင့်ရဲလာတယ်။”

ရွှေပြည်သာမြို့နယ်၊ အမှတ် ၃ ရပ်ကွက် ယုဇနလမ်းနဲ့ အာဇာနည်ပတ်လမ်းဆုံမှာလည်း ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက စက်ဘီးစီးလာသူနှစ်ဦးအနက် ယောကျ်ားလေးကို ဓားနဲ့ထိုးပြီး ဖုန်းနဲ့ ပိုက်ဆံအိတ် လုသွားခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ၂၀၂၂ ခုနှစ် တနှစ်တာကာလအတွင်း လုယက်မှု ၁၅၄ ကြိမ်ဖြစ်ခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013