DVB Logo
Home
မြန်မာသတင်း
ဒုဋ္ဌဝတီမြစ်‌ထဲ ရေနစ်သေဆုံးခဲ့သည့် အမျိုးသား ၁ ဦး၏ ရုပ်အလောင်း ပြန်ရှာတွေ့
DVB
·
February 22, 2023
ဒုဋ္ဌဝတီမြစ်‌ထဲ ရေနစ်သေဆုံးခဲ့သည့် အမျိုးသား ၁ ဦး၏ ရုပ်အလောင်း ပြန်ရှာတွေ့
1 / 2
Donate to DVB

မန္တလေး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရှိ ဒုဋ္ဌဝတီမြစ် လှေဆိပ်မှာ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က ရေဆင်းကူးတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ မန္တလေးတိုင်း ရေငုပ်ကယ်ဆယ်ရှာဖွေရေးအဖွဲ့ကနေ သိရပါတယ်။

အဆိုပါ လူငယ်အမျိုးသားဟာ ပလိပ်မြို့က မိုတယ်ဝန်ထမ်းတဦး ဖြစ်တယ်လို့ သိရပြီး ဒုဋ္ဌဝတီမြစ်က လှေဆိပ်မှာ ရေဆင်းကူးရာကနေ နစ်မြုပ်သွားတဲ့အတွက် ဒေသခံတွေက ကယ်ဆယ်ရေးအဖွဲ့တွေကို အကူအညီ တောင်းခဲ့တာကြောင့် အဲ့ဒီနေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာပဲ ရေနစ်တဲ့ ရေချိုးဆိပ်ကနေ ပေ ၂၀၀ ခန့်အကွာမှာ သေဆုံးလျက် ပြန်လည်ဆယ်ယူနိုင်ခဲ့ကာ မိသားစုဝင်တွေကို အပ်နှံခဲ့တယ်လို့ သိရပါတယ်။

“ရေနစ်ပြီး မြုပ်သွားတာက ၁၂ ‌နာရီခွဲအကျော်လောက်မှာ ဖြစ်တာ။ ကျနော်တို့က ၁ နာရီ ၁၅ မိနစ်လောက်မှာ ရောက်ပြီးတော့ ရှာဖွေကယ်ဆယ်မှုတွေ လုပ်တယ်။ ၂ နာရီခွဲမှာ ရေနစ်တဲ့နေရာနဲ့ ပေ ၂၀၀၊ ၃၀၀ အကွာအဝေးလောက်မှာ အလောင်းကို ပြန်တွေ့ပါတယ်။ အသက်က ၁၈ နှစ်၊ မိုတယ်ဝန်ထမ်း၊ နစ်တာက လှေဆိပ်၊ ရေချိုးဆိပ်လို့လည်း ခေါ်ပါတယ်” လို့ မန္တလေးတိုင်း ရေငုပ်ကယ်ဆယ်ရှာဖွေရေးအဖွဲ့က ပြောပါတယ်။

‌ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကလည်း အမရပူရမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာက ကိုရင် ၅ ပါး ဒုဋ္ဌဝတီမြစ်ထဲ ရေဆင်းကူးရာက ၅ ပါးစလုံး ရေနစ်ခဲ့ပြီး ၄ ပါးဆယ်ယူနိုင်ပေမဲ့ ၁ ပါး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ( မန္တလေးရေငုပ် ကယ်ဆယ်ရှာဖွေရေးအဖွဲ့ )

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013