Home
မြန်မာသတင်း
မြန်မာဘက်တွင်တိုက်ပွဲဖြစ်ပွားသဖြင့် ရွာသား ၁၀၀ ကျော် ထိုင်းနိုင်ငံ ရနောင်းဘက် တိမ်းရှောင်
DVB
·
February 22, 2023

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၂၁  ညနေပိုင်းက တိုက်ပွဲဖြစ်လို့ မြန်မာဘက်ခြမ်းကရွာသား ၁၀၀ ကျော် ထိုင်းနိုင်ငံ ရနောင်ခရိုင်ဘက်ကို ထွက်ပြေးတိမ်း ရှောင်လာကြတယ်လို့ ထိုင်းအခြေစိုက် ရနောင်း FM ရေဒီယိုသတင်းမှာ ဖော်ပြပါတယ်။

သက်ကြီးရွယ်အိုနဲ့ ကလေးတွေပါ ပါတဲ့ရွာသားတွေဟာ ကရပူရီချောင်းကိုဖြတ်ကူးပြီး  ရနောင်းခရိုင်၊ ကရပူရီမြို့နယ် ပတ်ကျန်အုပ်စု ပတ်ကရနဲ့ ဝိုင်ဒန်ကျေးရွာက ဆီအုန်းပင်တွေကြားမှာ လာရောက်တိမ်းရှောင်နေကြောင်း၊ သူတို့တွေကို ထိုင်းစစ်တပ် အမှတ် ၂၅ ခြေလျင်တပ်ရင်ေနဲ့ အမှတ် ၄၁၅ နယ်ခြားစောင့်တပ်တို့က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။

KTLA ကော်သူးလေကရင်တပ်နဲ့ PDFပူးပေါင်းအင်အား ၁၅၀ ကျော်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အေးမြသာယာနဲ့ ဝိုင်ဒန်ကျေးရွာအနီးမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာဖြစ်ပြီး ဟိုဘက်ကမ်းက သေနတ်သံတွေကို ထိုင်းဘက်ကမ်းကနေ အတိုင်းသားကြားနေရသလို တချို့နေရာကနေလည်း လှမ်းမြင်နေရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ကော့သောင်းခရိုင်ထဲက ဝိုင်ဒင်း‌ကျေးရွာ၊ အေးမြမင်္ဂလာကျးရွာ၊ တပ်ဦးမြိုင်သာယာကျေးရွာတွေကို PDF၊ KNU နဲ့ ကော်သူးလေအာမီပူးပေါင်းအဖွဲ့တွေက  ထိန်းသိမ်းစိုးမိုးထားလိုက်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းက ပြီးခဲ့တဲ့ရက်ပိုင်းက အသိပေး ကြေညာထားပါတယ်။

PHOTO CREDIT- Ranong radio

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024