DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များအား WFP က ထောက်ပံ့မှု လျှော့ချမည်
DVB
·
February 21, 2023
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များအား WFP က ထောက်ပံ့မှု လျှော့ချမည်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို လာမယ့် မတ်လကစပြီး စားနပ်ရိက္ခာထောက်ပံ့မှု လျော့ချဖြတ်တောက်သွားမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့အဖွဲ့ (WFP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကူတူပါလောင် ဒုက္ခသည်စခန်း တာဝန်ရှိသူတဦးက “WFP က မတ်လ ၁ ရက်နေ့ကစပြီး စားနပ်ရိက္ခာထောက်ပံ့မှုတွေကို လျှော့ချသွားမယ်လို့သိရတယ်။ လူတဦးကို အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာနဲ့ ညီမျှတဲ့စားနပ်ရိက္ခာတွေကို WFP က ထောက်ပံ့ပေးနေခဲ့တာ။ အခုက ၁၀ ဒေါ်လာနဲ့ညီမျှတဲ့ ရိက္ခာတွေပဲ လျှော့ချပြီး ထောက်ပံ့တော့မယ်လို့ ကြေညာထားတာ”လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို WFP က ထောက်ပံ့ပေးနေတဲ့ စားနပ်ရိက္ခာထောက်ပံ့ငွေတွေဟာ ဒုက္ခသည်တွေကို ငွေသားပေးတာမဟုတ်ဘဲ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စတဲ့ မီးဖိုချောင်သုံး စားသောက်ကုန်ပစ္စည်းတွေ ဝယ်ယူလို့ရတဲ့ ပြေစာတွေသာ ပေးတာလို့ ဒုက္ခသည်တွေဆီက သိရပါတယ်။

နိုင်ငံတကာ ကူညီထောက်ပံ့မှု ရန်ပုံငွေ ကျဆင်းသွားတဲ့အတွက် အခုလို ဖြတ်တောက်တာဖြစ်ပြီး အလှူရှင်တွေက နောက်ထပ်ထောက်ပံ့ငွေ ဒေါ်လာ ၁၂၅ သန်းကို အရေးပေါ်လှူဒါန်းတာ မရှိတဲ့အတွက် အခုလို လျှော့ချရတာဖြစ်တယ်လို့ ကုလသမဂ္ဂအေဂျင်စီက ပြောဆိုထားတာပါ။

ရိုဟင်ဂျာအရေး လှုပ်ရှားဆောင်ရွက်သူတဦးက “ကုလသမဂ္ဂအေဂျင်စီတွေရဲ့ အသုံးစရိတ်ကို လျှော့ချပြီး ဒုက္ခသည်တွေကို ပိုပြီး ထောက်ပံ့ပေးသင့်တယ်။ UN ဝန်ထမ်းတွေရတဲ့ လစာ၊ စီးတဲ့ကား၊ နေတဲ့ဟိုတယ် စတာတွေက ဒုက္ခသည်တွေကို ပေးနေတာထက် ပိုကုန်ကျနေတယ်။ ဒုက္ခသည်တွေက ၁၂ ဒေါ်လာဖိုး ထောက်ပံ့တဲ့ရိက္ခာနဲ့ မလုံလောက်လို့ ၂၀ ဒေါ်လာအထိ ပိုထောက်ပံ့ဖို့ တောင်းဆိုနေကြတာ အခု ၁၀ ဒေါ်လာအထိ ရိက္ခာထောက်ပံ့မှုပေးတော့မယ်ဆိုတော့ စားနပ်ရိက္ခာဖြတ်ပြီး ဒုက္ခသည်တွေကို အငတ်ဘေး ဆိုက်သွားနိုင်တယ်” လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည် ၇၄၀,၀၀၀ လောက် ထွက်ပြေးခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း နယ်စပ်ခရိုင်ဖြစ်တဲ့ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်း ၄၀ မှာ နေထိုင်နေကြကြောင်း UN အဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013