DVB Logo
Home
မြန်မာသတင်း
မြန်မာကမ်းလွန်၌ လှေနစ်မြုပ်ပြီး ရိုဟင်ဂျာ  ၅၀၀ ခန့် သေဆုံးဖွယ်ရှိဟု ကုလသမဂ္ဂ ပြော
DVB
·
July 24, 2026
မြန်မာကမ်းလွန်၌ လှေနစ်မြုပ်ပြီး ရိုဟင်ဂျာ  ၅၀၀ ခန့် သေဆုံးဖွယ်ရှိဟု ကုလသမဂ္ဂ ပြော
Donate to DVB

မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ လှေ ၂ စီး နစ်မြုပ်ပြီး ရိုဟင်ဂျာ ဒုက္ခသည် ၅၀၀ ထက်မနည်း သေဆုံးနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပြောဆိုလိုက်ပြီးနောက် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေက မိသားစုတွေဟာ  စိုးရိမ်ပူဆွေးနေကြတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။

လှေမှောက်တဲ့အကြောင်း  ကုလသမဂ္ဂက အတည်မပြုခင် လွန်ခဲ့တဲ့ သီတင်းပတ်အထိ လူမှောင်ခို ကူးသူတွေဟာ ပြန်ရွေးငွေ တောင်းခံတာတွေနဲ့ ကလေးတွေရဲ့ တည်နေရာ အခြေအနေတွေကို အသံဖိုင် (Voice Message) တွေ ပို့ပြီး အကြောင်းကြားခဲ့တယ်လို့ မိဘတွေက ပြောပါတယ်။

အသက် ၁၅ နှစ်အရွယ် ဂျိန်းအာလမ်ရဲ့ မိခင်ဖြစ်သူ လာလူဘီဂွန်က လူမှောင်ခိုသမားတွေဟာ သူ့ဆီ အသံဖိုင်နောက်ဆုံးတခု ပို့ထားပြီး လှေမှောက်တဲ့သတင်းတွေဟာ “သတင်းအမှား” သာ ဖြစ်တာ ကြောင့် မယုံကြဖို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တခြား အသက် ၁၅ နှစ်အရွယ် အာနာယက် အူလာရဲ့ ဖခင်ဖြစ်သူ အာနာယက် ဟိုစိန် ကတော့ ကွဲပြားတဲ့ အသံဖိုင်တခု ရရှိခဲ့ပါတယ်။

အဲဒီအသံဖိုင်ထဲမှာ သူ့သားဟာ တခြားသူများစွာနဲ့အတူ ပင်လယ်ထဲမှာ သေဆုံးသွားခဲ့ပြီဖြစ်လို့ နာရေးဆုတောင်းပွဲလုပ်ပေးနိုင်ပြီဖြစ်ကြောင်း ပြောဆိုထားတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း ဒုက္ခသည်စခန်းတွေက မိသားစုနှစ်စုရဲ့ ဆယ်ကျော်သက်အရွယ် သားတွေဟာ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်က မလေးရှားကို ထွက်ခွာမဲ့ လှေပေါ် မတက်ခင် မြန်မာနိုင်ငံဘက်ကို ပြန်ဖမ်းဆီး ခေါ်ဆောင်သွားခံခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

နှစ်စဉ်နှစ်တိုင်း ရိုဟင်ဂျာဒုက္ခသည် များစွာဟာ မလေးရှား ဒါမှမဟုတ် ထိုင်းနိုင်ငံကို သွားဖို့ မျှော်လင့်ချက်နဲ့ ဘင်္ဂလားပင်လယ်ကွေ့နဲ့ ကပ္ပလီပင်လယ်တို့ကို လူအများအပြား ပုံအော တင်ဆောင်ထားတဲ့ ယိုင်နဲ့နဲ့ လှေတွေနဲ့ စွန့်စားဖြတ်သန်းလေ့ ရှိကြပါတယ်။

စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ လျှော့ချခံရတာ၊ ဆင်းရဲမွဲတေမှု ပိုမိုနက်ရှိုင်းလာတာ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတာ၊ စခန်းတွင်း ပြည့်ကျပ်နေတဲ့ အခြေအနေတွေအပြင် လတ်တလော ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုတွေ အပါအဝင် သဘာဝဘေးအန္တရာယ် ဆက်တိုက်ကြုံတွေ့ရတာတွေကြောင့် ဒုက္ခသည်အများအပြားဟာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ရှာဖွေဖို့ ဒီလို အန္တရာယ်များတဲ့ ပင်လယ်ပြင် ဖြတ်သန်းမှုတွေကို ပြုလုပ်ဖို့ တွန်းအားပေးခံနေရတာလို့ ထောက်ပြကြပါတယ်။

ခုနောက်ဆုံးဖြစ်စဉ်မှာတော့ ဒုက္ခသည်အများအပြားဟာ လှေပေါ် မတက်ရသေးခင်မှာ မြန်မာနိုင်ငံ ဘက်ကို နယ်စပ်ဖြတ်ကျော် ပြန်လည်ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရတာတယ်လို့ မိသားစုဝင် တွေနဲ့ အကူအညီပေးရေး လုပ်သားတွေက ပြောပေမဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်က ကမ်းရိုးတန်း လုံခြုံရေးကို တင်းကျပ် လိုက်တာကြောင့် လူမှောင်ခိုသမားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေတွေကနေ တိုက်ရိုက် ခရီးစဉ် စတင်ဖို့ အတော်လေး ခက်ခဲသွားခဲ့တာဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013