DVB Logo
Home
မြန်မာသတင်း
မြောက်ဥက္ကလာ သီရိရတနာဈေးအတွင်း လက်ပစ်ဗုံးနှင့် ဖောက်ခွဲရေးပစ္စည်းများတွေ့ရှိ
DVB
·
February 20, 2023
မြောက်ဥက္ကလာ သီရိရတနာဈေးအတွင်း လက်ပစ်ဗုံးနှင့် ဖောက်ခွဲရေးပစ္စည်းများတွေ့ရှိ
Donate to DVB

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကွင်းအနီး သီရိရတနာ လက်လီ/လက်ကားဈေးအတွင်းရှိ ဆိုင်ခန်းတခုမှာ ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက ဖောက်ခွဲရေးပစ္စည်းတွေ တွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးစစ်ဆေးတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သီရိရတနာစျေးအတွင်းရှိ ဆိုင်ခန်းတခုမှာ ဖေဖော်ဝါရီ ၁၇ ရက် ည ၁၁ နာရီက လက်ပစ်ဗုံးတလုံးနဲ့ ဒီတိုနေတာ အပါအဝင် ဆက်စပ်ပစ္စည်းတွေကို စစ်ကောင်စီက တွေ့ရှိခဲ့တာလို့ စျေးအနီးနေထိုင်သူတဦးက ပြောပါတယ်။

“စစ်တပ်က ဖောက်ခွဲရေးပစ္စည်းတွေမိတယ်ဆိုတာ ဘယ်သူမှမမြင်ဘူး။ တွေ့တဲ့အချိန်က ည ၁၁ နာရီလေ။ ဒါပေမဲ့ မနက်ကျတော့ သတင်းကပြန့်နေပြီ။ စျေးထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ မိတယ်ဆိုပြီး နောက်ပိုင်း ဖမ်းဆီးစစ်ဆေးတာတွေ လုပ်လာတယ်။”

ဖောက်ခွဲရေးပစ္စည်းတွေ တွေ့ရှိပြီးနောက် စစ်ကောင်စီတပ်က ကားနဲ့လှည့်လည်ကာ ဆိုင်ကယ်သမားတချို့နဲ့ လမ်းသွားလမ်းလာ လူငယ်တွေကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဆိုင်ကယ်ကယ်ရီမောင်းသူတဦးက ပြောပါတယ်။

“စစ်တပ်က သုံးလမ်းဆုံနဲ့ အဝေးပြေးမှာ ဖမ်းတယ်။ ခြောက်ကွေ့နဲ့ ပတ္တမြားဘက်မှာ ဖမ်းတယ်။ လမ်းပေါ်မှာ ဖမ်းတာရှိသလို ကားနဲ့လိုက်ဖမ်းတာလည်း ရှိတယ်။ ဆိုင်ကယ်ပဲဖမ်းတာမဟုတ်ဘူး၊ အကုန်စစ်တာ။ ဖုန်းတွေအစ ၁၈ ရက်နေ့က ကောင်လေးတယောက် အဖမ်းခံရတယ်။”

ဇေကမ္ဘာစက်မှုဇုန်မှာတော့ စစ်ကောင်စီတပ် လှည့်ကင်းကားနဲ့ ရပ်ကင်းတွေဟာ စက်ရုံ၊ အလုပ်ရုံလာတဲ့ အလုပ်သမားတွေကို ခေါ်ယူစစ်ဆေးတာတွေလည်း ရှိတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

“စက်ရုံကို ဖယ်ရီနဲ့လာတဲ့သူတွေက ပြဿနာမရှိဘူး။ ဆိုင်ကယ်တို့ ဘက်ထရီဘီးတို့နဲ့ လာရင်တော့ လမ်းမှာ စစ်တပ်နဲ့တွေ့ရင် အစစ်ခံရရော။ အာပေါက်အောင်ကို ဖြေရတာ။ စက်ရုံအလုပ်သမားကတ်ပြလည်း မရဘူး။ မိန်းကလေးတွေဆိုရင် ရိသဲ့သဲ့နဲ့။”

စစ်ကောင်စီဘက်က ဖေဖော်ဝါရီ ၁၇ ရက် ည ၁၁ နာရီက သီရိရတနာ လက်လီ/လက်ကားဈေးအတွင်း ဈေးရုံအမှတ် S၊ ဆိုင်ခန်း ၆ အတွင်း လက်လုပ်ဗုံး ၁ လုံး၊ C4 ယမ်း ၃၃ ချောင်း၊ ပိုတက်စီယမ်ကလိုရိုက်မှုန့် ၁၀၅ ကီလိုဂရမ် အပါအဝင် ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013