DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ်မြို့နယ်၌ စစ်ကောင်စီတပ်က ရိုဟင်ဂျာ ၄၀ ကို ဖမ်းဆီး
DVB
·
February 20, 2023
သံဖြူဇရပ်မြို့နယ်၌ စစ်ကောင်စီတပ်က ရိုဟင်ဂျာ ၄၀ ကို ဖမ်းဆီး
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ ကြိုးဝိုင်းတောတွင်းမှာ လမ်းလျှောက်လာတဲ့ ရိုဟင်ဂျာအယောက် ၄၀ ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကြိုးဝိုင်းတောအတွင်း လမ်းလျှောက်လာတဲ့ ရိုဟင်ဂျာအမျိုးသား ၂၅ ယောက်၊ အမျိုးသမီး ၁၂ ယောက်နဲ့ ကလေး ၃ ယောက်ကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးလိုက်တာလို့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့တွေက မလေးရှားသွားဖို့ သံဖြူဇရပ်ကို အရင်လာတာ။ ပြီးမှ ရန်ကုန်ကနေ ပွဲစားနဲ့ တဆင့်သွားမှာ။ တောလမ်းထဲမှာ လမ်းလျှောက်လာတုန်း အဖမ်းခံလိုက်ရတာ။”

ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်က ကမာဝက်နယ်မြေရဲစခန်းကို ခေါ်သွားပြီး လဝကနဲ့ စစ်ဆေးနေတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“လတ်တလောမှာ လဝကနဲ့ စစ်တပ်က စစ်ဆေးနေတယ်။ ပွဲစားတွေရော ခေါ်လာတဲ့သူတွေရော ကွင်းဆက်လိုက်နေတယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာမှာ မလေးရှားကိုသွားမယ့် ရိုဟင်ဂျာအမျိုးသား ၃၆ ယောက်နဲ့ အမျိုးသမီး အယောက် ၂၀ ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းကလည်း အမ်းမြို့မှ ရန်ကုန်ကိုလာမယ့် ရိုဟင်ဂျာသုံးယောက် ကြယ်ပန်းခိုင် ခရီးသည်တင်ယာဥ်ပေါ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

၂၀၂၃ ဇန်နဝါရီလအတွင်း မြောက်ဒဂုံ၊ သန်လျင်၊ မရမ်းကုန်း၊ ရွှေပြည်သာ၊  ပြည်နဲ့ ဟင်္သာတ အစရှိတဲ့ မြို့နယ်တွေမှာ ရိုဟင်ဂျာ ၃၀၀ နီးပါး ဖမ်းဆီးရမိခဲ့ပြီး အဲ့ဒီထဲက ၇၇ ယောက်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013