DVB Logo
Home
မြန်မာသတင်း
KNDF တပ်ရင်း ၁၆ လက်နက်ဝယ်ယူနိုင်ရေး "၁၆အတွက်၁၆" ကမ်ပိန်းတွင် ပါဝင်နိုင်
DVB
·
February 17, 2023
KNDF တပ်ရင်း ၁၆ လက်နက်ဝယ်ယူနိုင်ရေး "၁၆အတွက်၁၆" ကမ်ပိန်းတွင် ပါဝင်နိုင်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၆ အတွက် လက်နက်ဝယ်ယူနိုင်ရေး "၁၆အတွက်၁၆" ကမ်ပိန်းမှာ ပြည်သူတွေအားလုံး ပါဝင်နိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

KNDF တပ်ရင်း ၁၆ ဟာ ဘော်လခဲမြို့နယ်နဲ့ ဖရူဆိုမြို့နယ်တွေကြားမှာ အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက်လာခဲ့တာ အချိန် ၁ နှစ်ခွဲနီးပါးရှိခဲ့ပြီဖြစ်ပြီး တပ်ရင်းအခြေစိုက်ရာဒေသမှာ စစ်ကောင်စီရဲ့ အုပ် ချုပ်ရေးယန္တရားတွေ ပျောက်ကွယ်နေပြီဖြစ်သလို လက်ရှိမှာလည်း အကြမ်းဖက်စစ်တပ်ကို ဆက်ပြီးတိုက်ခိုက်နိုင်ဖို့ တပ်ရင်းက ရဲဘော်တွေမှာ လက်နက်လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ 

“အဘက်ဘက်က ခက်ခဲနေတဲ့ကာလမှာ လူထုဆီက အကူအညီတောင်းရတာကိုလည်း အားနာလှတာမို့ ဒီတခါတော့ ကျေးဇူးတုံ့ပြန်နိုင်မဲ့ အစီအစဉ်တွေ စဉ်းစားထားပါတယ်။ တိုက်ရင်းသေမယ်ဆိုလည်း သေပါ စေလို့ တွေးပြီး တိုက်နေတာမို့ ကျတော်တို့အတွက် အခြားရုပ်ဝတ္ထုပစ္စည်းတွေကို တွယ်တာနေဖို့လည်း အရေးမကြီးတော့ပါ။”

"၁၆အတွက်၁၆" ကမ်ပိန်းမှာတော့ VIGO ကားတစီးနဲ့ ရွှေလက်စွပ်တကွင်းကို ထောက်ပံ့ကူညီကြမယ့် မိဘပြည်သူတွေအတွက် ကျေးဇူးတုန့်ပြန်မှုလက်ဆောင်သဘောနဲ့ မဲဖောက်ပြီး တိုက်ပွဲအတွက် လိုအပ်တဲ့ မောင်းပြန်သေနတ်တွေ ဝယ်ယူသွားမယ်လို့ ပြောပါတယ်။

ကံစမ်းမဲလက်မှတ်ကိုတော့ တစောင်ကို မြန်မာငွေကျပ် ၃ သောင်းနဲ့ ဝယ်ယူအားပေးနိုင်မှာဖြစ်ပြီး ရရှိလာသမျှကို တိုက်ပွဲမှာ လိုအပ်တဲ့ M16 မောင်းပြန်တွေ ပြန်လည်ဝယ်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကရင်နီမှာ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်တွေ၊ အတွဲလိုက်ပစ်ဒုံးတွေ၊ အရွယ်စုံဆိုဒ်စုံအမြောက်တွေ သုံးပြီး တိုက်ခိုက်ပေမဲ့ ဘယ်လိုမှ ထိန်းချုပ်မထားသေးတာ မိဘပြည်သူများအသိပါ။ အကြမ်းဖက် တွေရဲ့ လက်နက်မျိုးစုံကို တန်ပြန်နိုင်ဖို့အတွက် အခုလို မိဘပြည်သူတွေဆီက မောင်းပြန်တွေ တောင်းခံရတာပါပဲ။ ….. အကြမ်းဖက်တပ်နဲ့ တပ်ရင်း ၁၆၊ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲ ဝိညာဉ်ချင်း ရိုက်ခွဲမဲ့ တိုက်ပွဲတွေမှာ ကျတော်တို့ဘက်က ပြည်သူတွေရှိအကြောင်း "၁၆ အတွက် ၁၆" မဲတွေ ဝယ်ယူပြီး ပြသကြဖို့ တိုက်တွန်းပါတယ်ခင်ဗျ။ ပြည်သူ့အားနဲ့ ကျတော်တို့လက်ရုံး ပေါင်းရင် ထောင်သောင်းမကတဲ့ ရန်သူတွေကိုလည်း အောင်နိုင်ရမယ်လို့ ကျတော်တို့ယုံကြည်ထားပါတယ်။”

ကံစမ်းမဲကာလကိုတော့ ဖေဖော်ဝါရီ ၁ ရက်ကနေ လာမယ့် မတ် ၁၅ ရက်အထိ ၄၅ ရက်သတ်မှတ်ထားပြီးတော့ ဖော်ပြပါ လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် ဆက်သွယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု တွေမှာ အဘက်ဘက်က ကျဆင်းနေတာဖြစ်ကာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင် သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

ဆက်သွယ်ဝယ်ယူနိုင်သော လူမှုကွန်ရက် စာမျက်နှာများ

Ma Shwe Moe -https://www.facebook.com/mashwemoekorea?mibextid=LQQJ4d

Dr. Ye Zaw -https://www.facebook.com/ustethoscope211092

KNDF B/16 https://www.facebook.com/Karenni-Nationalities-Defence.../ (KNDF.b.16)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013