DVB Logo
Home
မြန်မာသတင်း
ဝါးတရာစက်မှုဇုန်က အလုပ်သမား ၁၃၀၀ ကျော်ရှိ GTIG အထည်ချုပ်စက်ရုံ ပိတ်သိမ်းမည်
DVB
·
February 17, 2023
ဝါးတရာစက်မှုဇုန်က အလုပ်သမား ၁၃၀၀ ကျော်ရှိ GTIG အထည်ချုပ်စက်ရုံ ပိတ်သိမ်းမည်
1 / 3
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ မြေတိုင်းရပ်ကွက်၊ အမှတ် ၄၉ မှာရှိတဲ့ GTIG အထည်ချုပ်စက်ရုံကို ဖေ‌ဖော်ဝါရီလ ၂၈ ‌ရက်နေ့ နောက်ဆုံးပိတ်သိမ်းတော့မယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။ 

၂၀၁၇ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ အဆိုပါ စက်ရုံဟာ ကော်ထိုက်အမည်ရှိ (၅) ရုံတွဲက ကော်ထိုက်ရုံ (၄)ဖြစ်ပြီး လက်ရှိ အထည်ချုပ်ဝန်ထမ်း ၁၃၀၀ ကျော်ရှိနေကာ အဲ့ဒီမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှု မကြာခဏခံနေရတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM က ဆိုပါတယ်။

ဖေ‌ဖော်ဝါရီ ၂၈ ရက်နေ့ စက်ရုံပိတ်သိမ်းမှာကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ကမှ အလုပ်သမားတွေကို ပြောခဲ့ဝာာလို့ သိရတဲ့အပြင် အော်ဒါမရလို့ ပိတ်ရတာလို့သာ ပြောဆိုပြီး  ယာယီပိတ်သိမ်းမှာလား၊ အပြီးပိတ်သိမ်းမှာလားဆိုတာ တရားဝင်ပြောတာမရှိသေးဘူးလို့ အထည်ချုပ်ဝန်ထမ်းထံက သိရပါတယ်။

GTIG ဝန်ထမ်းတစ်ဦးက “မနေ့က နေ့လယ်မှ ကော်ထိုက် ၄ မှာ ပြောသွားတာ၊ ရုံပိတ်မယ်၊ ဒီလကုန် နောက်ဆုံးလို့ ပြောသွားတယ်၊ လစာကို သတ်မှတ်ရက်မှာပဲ ထုတ်ပေးမယ်ပြောတယ်၊ အလုပ်ရုံပိတ်လို့ နစ်နာကြေးလိုမျိုး ဘာမှမပြောသေးဘူး၊ ယာယီလား၊ အပြီးလား သေချာမပြောသွားဘူး၊ အော်ဒါမရလို့ပဲ ပိတ်တော့မယ်လို့ လောလောဆယ် ပြောသွားပါတယ်၊ အပြီးဆိုရင်တော့ ဒီကာလမှာ အလုပ်ရဖို့ ခက်ပါတယ်" လို့ ပြောပါတယ်။

ဒီလို ပိတ်သိမ်းမယ်လို့ စက်ရုံဘက်က မပြောခင်က အဲ့ဒီစက်ရုံက ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မခင်ဝင်းဦးဟာ အလုပ်သမားဥပဒေနဲ့အညီ ခွင့်ယူတာကို ခွင့်မပြုဘဲ စက်ရုံဘက်က အလုပ်ထုတ်ပစ်ခဲ့တာကြောင့် GTIG ဘက်က ယူချုပ်နေတဲ့ Brand ကို ဆက်သွယ်တိုင်ကြားခဲ့ဖူးတယ်လို့ သိရပါတယ်။ 

အဆိုပါဖြစ်စဉ်ကြောင့် အလုပ်သမားတွေဘက်က တောင်းဆိုချက် ၃ ခုစလုံးကို  GTIG က လက်ခံခဲ့ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ အလုပ်ပြန်ဆင်းချိန်မှာ အခုလို စက်ရုံပိတ်တော့မယ်လို့ ကြေညာခဲ့တာပါ။ 

အဲ့ဒီစက်ရုံမှာ လက်ရှိ အလုပ်သမားအဖွဲ့နှစ်ခု ရှိတယ်လို့ သိရပြီး တစ်ဖွဲ့က စက်ရုံပိုင်ရှင်က ဖွဲ့ထားတဲ့ အလုပ်သမားသမဂ္ဂဖြစ်ကာ တဖွဲ့က အလုပ်သမားကိုယ်စားပြုသမဂ္ဂအဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

ပင်ရင်း Brand ကုမ္ပဏီကို တိုင်လို့ မကျေနပ်ဘဲ စက်ရုံပိတ်သိမ်းတာကို အော်ဒါမရလို့ စက်ရုံပိတ်သိမ်းပါတယ်လို့ စက်ရုံဘက်က ကြေညာချက်ကြောင့် အလုပ်သမားသမဂ္ဂ ၂ ဖွဲ့ကြား ပြဿနာတက်နိုင်တယ်လို့ အလုပ်သမားတစ်ဦးက သုံးသပ်ချက်ပေးထားပါတယ်။ 

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ စက်ရုံအပြီးပိတ်သိမ်းပါက စက်ရုံဝန်ထမ်းတွေရဲ့ အလုပ်ပြန်ရှာရဖို့ အခက်အခဲရှိနေပြီး  နစ်နာကြေးရဖို့နဲ့ GTIG ကနေ နာမည်ပြောင်းပြီး ထပ်ဖွင့်မလားဆိုတာ STUM ဘက်က စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- STUM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013