DVB Logo
Home
မြန်မာသတင်း
အထည်ချုပ်လုပ်ငန်းရှင်နှစ်ဦးကို အလုပ်သမားနှစ်ဦးက တရားစွဲ
DVB
·
February 15, 2023
အထည်ချုပ်လုပ်ငန်းရှင်နှစ်ဦးကို အလုပ်သမားနှစ်ဦးက တရားစွဲ
Donate to DVB

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က YFA အထည်ချုပ်စက်ရုံနဲ့ Kingsrich Myanmar အထည်ချုပ်စက်ရုံပိုင်ရှင်တို့ကို အလုပ်သမားနှစ်ဦးက ဥပဒေမဲ့ အလုပ်ထုတ်ပယ်မူအတွက် မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က ထုတ်ပြန်ပါတယ်။

YFA အထည်ချုပ်စက်ရုံက  အလုပ်သမားမအိပိုပိုလှိုင်နဲ့ Kingsrich Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား မနှင်းဇာနည်လွင်တို့ကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နဲ့ မညီဘဲ ပြီးခဲ့နှစ်ကုန်ပိုင်းက အလုပ်ထုတ်ခဲ့ပြီး ဥပဒေပါနစ်နာကြေးပေးဖို့ စက်ရုံဘက်က ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒါနဲ့ပတ်သက်လို့ မြို့နယ်အလုပ်သမားရုံးမှာ သုံးကြိမ်တိုင်ညှိနှိုင်းခဲ့ရပြီး အလုပ်ရှင်ဘက်က ဥပဒေအတိုင်း လိုက်နာဖို့ ငြင်းဆန်ခဲ့ကာ နောက်တဆင့်အနေနဲ့ မြို့နယ်အလုပ်သမားဦးစီးမှူးက အလုပ်သမားကိုယ်စား တရားစွဲဆိုပေးရမယ့်အစား တရားစွဲဆိုစာသာ ထုတ်ပေးခဲ့တာကြောင့် အလုပ်သမားတွေက တရားစွဲဆိုလိုက်တာလို့ အဲဒီအလုပ်သမားတွေအရေး ကူညီနေတဲ့ CTUM ဒါရိုက်တာဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

"အလုပ်သမားတွေက တရားမစွဲနိုင်လောက်ပါဘူးလို့ သူတို့ထင်နေတာ။ အဲဒီအမြင်ကို ပြောင်းပြီး သိသွားရအောင် အလုပ်သမားက အလုပ်ရှင်ကို တရားစွဲတယ်ဆိုတဲ့အဖြစ် ဖြစ်လာစေတာပဲ။"

YFA စက်ရုံပိုင်ရှင်အပေါ် တရားစွဲဆိုမှုကို ဒီနေ့ ပထမဆုံးရုံးချိန်စခဲ့ပြီး Kingsrich Myanmar စက်ရုံပိုင်ရှင်အပေါ် တရားစွဲဆိုမူကို တရားရုံးကလိုက်ခံလိုက်တယ်လို့လည်း သိရပါတယ်။

အလုပ်သမားနစ်နာမှုပြဿနာတွေမှာ မြို့နယ်အလုပ်သမားရုံးတွေက အလုပ်သမားကိုယ်စား တရားစွဲဆိုပေးတာတွေ ရှောင်လွှဲနေပြီး တရားစွဲခွင့်စာသာ ထုတ်ပေးတာအများအပြားရှိနေကာ အဲဒါတွေအတွက်လည်း တရားစွဲဆိုရင်ဆိုင်မှုတွေ လုပ်သွားဖို့ရှိတယ်လို့ သူက ဆိုပါတယ်။

အာဏာသိမ်းကာလအတွင်း လုပ်ငန်းခွင်အငြင်းပွားမူတွေကို ညှိနိူင်းမှုအဆင့်ဆင့်နဲ့ သွားနေရာမှာ အလုပ်သမားတွေကသာ ရှုံးနေရပြီး မျှတတဲ့ဆုံးဖြတ်ချက်တွေမရတာကြောင့် တရားရုံးကနေ ဖြေရှင်းတဲ့ နည်းလမ်းသုံးတာလို့ သိရပါတယ်။

အခုတရားစွဲဆိုမှုဖြစ်စဥ်မှာလည်း တရားရုံးမှ ဘယ်လိုမျှတအောင်အဆုံးဖြတ်ပေးမယ်ဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပြီး အလုပ်သမားတွေကတော့ အမှန်တရားရတဲ့အထိ ဆက်ပြီး ရင်ဆိုင်သွားဖို့ ရှိတယ်လို့လည်း ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013