DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့၏ အမှုတွဲများ အယူခံထပ်တင်
DVB
·
February 14, 2023
သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့၏ အမှုတွဲများ အယူခံထပ်တင်
Donate to DVB

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်တို့အပေါ် ပုဒ်မမျိုးစုံနဲ့ စွပ်စွဲတရားစွဲဆိုကာ အမိန့်ချခဲ့တဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ဖေဖော်ဝါရီ ၁၄ ရက်က အယူခံတင်ခဲ့တယ်လို့ တရားရေးနဲ့ပတ်သက်တဲ့ အသိုက်အဝန်းက သိရပါတယ်။

ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အမှု ၅ မှု၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အမှုတွေ ဒီနေ့ အယူခံတင်ခဲ့တယ်လို့ တရားရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

နောက်ထပ် အယူခံထပ်တင်မယ့်အမှုတွေလည်း ရှိသေးသလို အရင်တင်ထားတဲ့ အယူခံအမှုတွေနဲ့ ပတ်သက်လို့လည်း မနက်ဖြန် ဖေဖော်ဝါရီ ၁၅ ရက်မှာ နှစ်ဖက် ကြားနာမယ်လို့လည်း သိရပါတယ်။

“မနက်ဖြန်မှာ အရင်အယူခံတင်ထားတဲ့အမှု ၁၀ မှုလားမသိဘူး ရှိတယ်။ ဦးမောင်ဝိတ်နဲ့ ပတ်သက်တဲ့အမှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့အမှုတွေ၊ အဲဒါတွေကို နှစ်ဖက်ကြားနာမယ်” လို့ အဆိုပါ နီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဥပဒေရေးရာဌာနကလည်း လရောင်တောစီမံကိန်းနဲ့ ပတ်သက်တဲ့ အမှုတွေက ပစ္စည်းတွေကို ပြည်သူပိုင်သိမ်းဆည်းဖို့ ပြင်ဆင်ချက် တင်ထားတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုစုစုပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် အမိန့်ချပြီးဖြစ်ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့ အမှုအသီးသီးအတွက် အမိန့်ချကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်အဆောက်အဦမှာ ဆက်ထားသလို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုတော့ တောင်ငူထောင် ပို့လိုက်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013