DVB Logo
Home
မြန်မာသတင်း
ဗကသကျောင်းသား ကိုဟိန်းထက်ကို စစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်းအမိန့်ချ
DVB
·
February 14, 2023
ဗကသကျောင်းသား ကိုဟိန်းထက်ကို စစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်းအမိန့်ချ
Donate to DVB

အ.ထ.က (၁) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဒုတိယဥက္ကဋ္ဌ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ကိုဟိန်းထက် (ခ) ကိုပိုပိုကို အကြမ်းဖက်စစ်အုပ်စုက ထောင်ဒဏ် တသက်တကျွန်းအမိန့်ချမှတ်လိုက်ပါတယ်။

ကိုဟိန်းထက်ကို စစ်ခုံရုံးကနေ မတရားစွဲဆိုထားတဲ့ ရာဇသတ်ကြီး ပုဒ်မ  ၅၀၅(က)၊ ၅၀(ည) ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က ခုလိုအမိန့်ချလိုက်တာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ထားတာပါ။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တဘက်မှာလည်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ဘယ်သူ့ကိုမဆို မတရားပုဒ်မတပ် ဖမ်းဆီးအရေးယူတာ၊ ညှဉ်း ပန်းနှိပ်စက်သတ် ဖြတ်တာတွေကို ၂ နှစ်ကျော်အတွင်း ကျူးလွန်နေတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းတွေအရ သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၄၄ ယောက်ထိ ရှိနေပြီး အကြမ်းဖက်စစ်အုပ်စုဟာ သိပ်မကြာသေး ခင်ကလည်း ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။

အခုလို ကျောင်းသားတွေကို သေဒဏ်ပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး NUG အစိုးရ အပါအဝင် အဖွဲ့အစည်း အသီးသီးနဲ့ ပြည်တွင်းပြည်ပမှာ ဆန့်ကျင်ကန့်ကွက်နေကြသလို လူမှုကွန်ရက်တွေ ပေါ်မှာလည်း သေဒဏ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013