DVB Logo
Home
မြန်မာသတင်း
ဗကသကျောင်းသားဟောင်း ကိုဂျိမ်း(ခ) လင်းထက်နိုင်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်ထပ်ချ
DVB
·
February 14, 2023
ဗကသကျောင်းသားဟောင်း ကိုဂျိမ်း(ခ) လင်းထက်နိုင်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်ထပ်ချ
Donate to DVB

ဗကသကျောင်းသားဟောင်း ကိုဂျိမ်း(ခ) လင်းထက်နိုင်ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ဗိုလ်တထောင်တရားရုံးကနေ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (ခ) နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်လိုက်တယ်လို့  နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဆီက သိရပါတယ်။

ကိုလင်းထက်နိုင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ထားရာကနေ အခု နောက်ထပ် ထောင်ဒဏ် ၅ နှစ်ထပ်မံချမှတ်လိုက်တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် ၈ နှစ်ရှိသွားပြီဖြစ်ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက "ဒီနေ့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ငါးနှစ်ချလိုက်တယ်။ စုစုပေါင်း ရှစ်နှစ်နေရမှာပေါ့။ စစ်အာဏာရှင်လက်အောက်က မလွတ်သရွေ့ ဒီလိုမတရားအမှုဆင်ပြီး ဖမ်းပြီးအမိန့်ချတာတွေ ကြုံနေမယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

ကိုလင်းထက်နိုင်ရဲ့ဇနီးဖြစ်သူ ဗကသကျောင်းသားဟောင်း မဖြိုးဖြိုးအောင်က "ဒီမိုကရေစီရေး ကာကွယ်လှုပ်ရှားတဲ့သူ၊ တက်ကြွလှုပ်ရှားသူတစ်ဦးကို နိုင်ငံရေးဖိနှိပ်တဲ့ ပုဒ်မဟောင်းအပြင် အကြမ်းဖက်ပုဒ်မအမှုနဲ့ပါ မတရားဖမ်းဆီး အမှုဆင် ထောင်ချခြင်းဖြစ်ပါတယ်”လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

ဗကသကျောင်းသားဟောင်း ကိုလင်းထက်နိုင်ကို  ၂၀၂၂ ခုနှစ် ဇွန်လ ၁၈ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ကိုလင်းထက်နိုင် ထောင်ကျနေစဥ် ထောင်ဝင်လာပို့တဲ့ မိခင်ဖြစ်သူမှာလည်း ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့ အင်းစိန်ဗုံးပေါက်ကွဲမှုမှာ သေဆုံးခဲ့ပါတယ်။

မိခင်သေဆုံးပြီး တစ်လအကြာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်မှာ အင်းစိန်အကျဥ်းထောင်ရှိ တရားရုံးကနေ ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ်သုံးနှစ်ခဲ့မှတ်ခဲ့ပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကိုလင်းထက်နိုင်ဟာ စစ်အာဏာရှင်စနစ်ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့မှုနဲ့ ၂၀၂၁ နှစ်မှာ  ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013