DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံအနှံ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ၅၇၀ ကျော်ရှိလာ
DVB
·
February 10, 2023
မြန်မာနိုင်ငံအနှံ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ၅၇၀ ကျော်ရှိလာ
Donate to DVB

လက်ရှိ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၄၄ မြို့နယ်မှာ တော်လှန်ရေးအင်အား တပ်ရင်း တပ်ဖွဲ့ ၁၀၇ ထက်မနည်းရှိပြီး မြန်မာနိုင်ငံအနှံ့ဆိုရင်တော့ လက်နက်ကိုင်တပ်ဖွဲ့ ၅၇၇ ဖွဲ့ထက်မနည်း ရှိလာပြီဖြစ်တယ်လို့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒါ့အပြင် ၂ နှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေ ၈,၀၀၀ ကျော်ရှိပြီဖြစ်ကာ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာတော့ မြို့နယ် ၃၃၀ ထဲမှာ ၁၃၂ မြို့နယ်က တည်ငြိမ်မှုမရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကယားပြည်နယ်ထဲက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်က ကြေညာလိုက်တာလို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ်တုန်းကလည်း ရန်ကုန်တိုင်းထဲက မြို့နယ် ၆ မြို့နယ်နဲ့ ချင်းပြည်နယ်ထဲက မင်းတပ်မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားတာ ရှိခဲ့ပါတယ်။

အဲဒါကြောင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်အထိ အခြေအနေအရ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်ပေါင်း ၄၄ မြို့နယ် ရှိလာပြီဖြစ်တယ်လို့ Data of Myanmar က ထုတ်ပြန် ကြေညာထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ အာဏာသိမ်း ၂ နှစ်အတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၄၄ ခုမှာ တော်လှန်ရေး အင်အားစုတွေဘက်က တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်း ၁၀၇ ခုထက်မနည်း လှုပ်ရှားနေတယ်လို့ ISP-Myanmar က ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ၃၇ မြို့နယ်ရှိတဲ့ အထဲမှာ ၁၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့အတွက် တိုင်းနဲ့ပြည်နယ်ထဲမှာ အများဆုံးလည်း ဖြစ်ပါတယ်။

၂ နှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲ ၁,၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ မြို့နယ် ၁၁ ခုမှာတော့ တိုက်ပွဲအကြိမ်ရေ ၃၆၀ ဖြစ်ခဲ့ပါတယ်။

ချင်းပြည်နယ်အတွင်း ၉ မြို့နယ်ရှိတဲ့အထဲမှာ ၈ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားတာ ဖြစ်ပါတယ်။ ၂ နှစ်အတွင်း ချင်းပြည်နယ်ထဲမှာ တိုက်ပွဲ ၅၉၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ မြိုနယ် ၈ ခုမှာတော့ တိုက်ပွဲအကြိမ်ရေ ၅၅၀ ထက်မနည်း ဖြစ်ခဲ့ပါတယ်။

မကွေးတိုင်းအတွင်း ၂၅ မြို့နယ်ရှိတဲ့အထဲမှာ ၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။ ၂ နှစ်အတွင်း မကွေးတိုင်းထဲမှာ တိုက်ပွဲ ၄၀၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ မြို့နယ် ၅ ခုမှာတော့ တိုက်ပွဲအကြိမ်ရေ ၂၉၄ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်း ၇ မြို့နယ်ရှိတဲ့အထဲမှာ ၂ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။ ၂ နှစ်အတွင်း ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲ ၄,၂၀၀ ကျော်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ မြို့နယ် ၂ ခုမှာတော့ တိုက်ပွဲအကြိမ်ရေ ၁၅၄ ထက်မနည်း ဖြစ်ခဲ့ပါတယ်။

တနင်္သာရီတိုင်းအတွင်း ၁၀ မြို့နယ်ရှိတဲ့အထဲမှာ ၂ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။ ၂ နှစ်အတွင်း တနင်္သာရီတိုင်းထဲမှာ တိုက်ပွဲ ၃၂၀ ကျော်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ မြို့နယ် ၂ ခုမှာတော့ တိုက်ပွဲအကြိမ်ရေ ၁၀၀ ထက်မနည်း ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013