DVB Logo
Home
မြန်မာသတင်း
ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအရေးရပ်တည်ခဲ့သည့် ကေအန်ယူနှင့် ကရင်တိုင်းရင်းသားများကို ဂုဏ်ပြုကြောင်း PPST ကြေညာ
DVB
·
February 10, 2023
ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအရေးရပ်တည်ခဲ့သည့် ကေအန်ယူနှင့် ကရင်တိုင်းရင်းသားများကို ဂုဏ်ပြုကြောင်း PPST ကြေညာ
Donate to DVB

ကရင်တမျိုးသားလုံးအနေနဲ့ မဟာလူမျိုးကြီးဝါဒ အဆုံးသတ်ရေး အာဏာရှင်စနစ်အမျိုးမျိုးကို အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင် အောင်မြင်ပြီးမြောက်တဲ့အထိ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ခြွင်းချက်မရှိ ယုံကြည်ကြောင်း PPST ဦးဆောင်မှုကော်မီတီက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကျရောက်မယ့် ၇၅ နှစ်မြောက် စိန်ရတု ကရင်အမျိုးသားနေ့ အထိမ်းအမှတ်ပေးပို့တဲ့ သဝဏ်လွှာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ကော်မီတီ (PPST) ကအခုလို ထည့်သွင်းပြောဆိုတာဖြစ်ပါတယ်။

ကရင်တမျိုးသားလုံး နိုင်ငံရေးအသိအမြင်နိုးကြားမှုနဲ့ အမျိုးသားစုစည်းညီညွတ်မှု အစရှိတဲ့ အမျိုးသား သန္နိဋ္ဌာန်တွေကို မြန်မာပြည်သာမက ကမ္ဘာသိစေရေးပါ ထုတ်ဖော်ပြသနိုင်ခဲ့တဲ့ အနှစ်သာရပြည်ဝတဲ့နေ့တနေ့မှာ ကရင်အမျိုးသားတို့ရဲ့ ဂုဏ်ယူဖွယ်ဖြစ်တဲ့ အမျိုးသားတော်လှန်ရေးသမိုင်းကိုလည်း မှတ်တမ်းတင်ရမယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် ဘဝတူ ညီနောင်တိုင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၇ ဖွဲကို ဦးဆောင်က နိုင်ငံရေးပြဿနာကို နိုင်ရေးနည်းလမ်းနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုကို အခြေခံပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်အတွက် မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ကို ဂုဏ်ပြုကြောင်းလည်း သဝဏ်လွှာပါးထားပါတယ်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်  မြန်မာတစ်ပြည်လုံးရှိ ကရင်လူထု လေးသိန်းကျော်က နိုင်ငံရေးကြွေးကြော်သံ ၄ ချက်ဖြစ်တဲ့  ကရင်ပြည်ချက်ချင်းပေး (လွတ်လပ်ရေး)၊ ဗမာတကျပ်၊ ကရင်တကျပ် ချက်ချင်းပြ (တန်းတူရေးနှင့် ဒီမိုကရေစီရေး)၊ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ (စည်းလုံးညီညွတ်ရေး)၊ ပြည်တွင်းစစ် အလိုမရှိ (ငြိမ်းချမ်းရေး)စတဲ့ ကြွေးကြော်သံတွေကို  မြို့ပေါ်တက်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလမှာ ဖာပွန်မြို့မှာ ကျင်းပခဲ့တဲ့  ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်မှာ ဖေဖော်ဝါရီလ ၁၁ ရက်ကို ကရင်အမျိုးသားနေ့လို့ သတ်မှတ်သွားဖို့  တညီတညွတ်တည်း အတည်ပြုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013