DVB Logo
Home
မြန်မာသတင်း
အင်ဒိုနီးရှား အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာသည့်အပေါ် PPST ကြိုဆို
DVB
·
November 14, 2022
အင်ဒိုနီးရှား အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာသည့်အပေါ်   PPST ကြိုဆို
Donate to DVB

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံကို တရားဝင်လွှဲပြောင်းပေးပြီး အင်ဒိုနီးရှား သမ္မတရဲ့ ဦးဆောင်အမှုအပေါ် ကြိုဆိုကြောင်း အပစ်ရပ်တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ထုတ်ပြန်ပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် လင်မ်ဂျော့ခ်ဟွိုင်အစား အတွင်းရေးမှူးချုပ်အသစ်အဖြစ် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရုံး ဝန်ကြီးဖြစ်သူ ကောက်ခင်မ်ဟွန်းကို ခန့်အပ်လိုက်တဲ့အပေါ် PPST က ကြိုဆိုဂုဏ်ပြုကြောင်းနဲ့ မြန်မာပြည်တွင်း လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကို AHA Center နဲ့ ပူးပေါင်းလက်တွဲဆောင်ရွက်သွားဖို့ PPST အနေနဲ့ အဆင့်သင့်ရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။

PPST ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က “ကျနော်တို့ PPST အနေနဲ့ကတော့ အခု အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌကို တာဝန်ယူထားတဲ့ အင်ဒိုနီးရှားသမ္မတ အနေနဲ့ အရင်တုန်းက ဖြတ်သန်းခဲ့တဲ့ အားနည်းချက် အားသာချက် သင်ခန်းစာအပေါ်မှာ အခြေခံပြီး လာမယ့်အခင်းအကျင်းသစ်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်မယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ လမ်းကြောင်းပေါ်ကို ကျနော်တို့အနေနဲ့ ကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော်တို့က မျှော်လင့်ထားတယ်။။ ဒီအပေါ်မှာ ကျနော်တို့အရင်က လုပ်နေကျအတိုင်းပဲ အခုလိုမျိုး ခေါင်းဆောင်အပြောင်းအလဲလုပ်တဲ့အခါ ကျနော်တို့ ကြိုဆိုထောက်ခံမှုလုပ်နေတဲ့အတိုင်း လုပ်တာဖြစ်တယ်။” လို့ ပြောပါတယ်။ 

ဒါ့အပြင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော် ဆောင်ရွက်မှုပေါ်မှာ SAC အနေနဲ့ ပူးပေါင်းပါဝင်ဖို့ အမေရိကန်ပြည်ထောင်စု သမ္မတရဲ့ တိုက်တွန်းချက်ကိုလည်း ထောက်ခံကြိုဆိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးသဘောထားကို အန်အယ်လ်ဒီ ဗဟိုအလုပ်မှုဆောင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရမှသာလျှင် ထုတ်ဖော်ပြောဆိုနိုင်မှာဖြစ်ကြောင်း ပြောကြားချက်ကို PPST အနေနဲ့ ထောက်ခံ ကြိုဆိုကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို နိုဝင်ဘာ ၁၃ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံက အင်ဒိုနီးရှားနိုင်ငံဆီ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

Photo-Cambodia PM

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013