Home
မြန်မာသတင်း
မြဝတီတွင် ၂ လနီးပါး လျှပ်စစ်မီးမလာသည့်အတွက် ဒေသခံများ အခက်ကြုံနေ
DVB
·
February 10, 2023
328269885_1215065289094363_8862123755774357882_n

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ လျှပ်စစ်မီးမလာတာ   ၂ လနီးပါးရှိလာပြီဖြစ်လို့  မြို့ပေါ်နေ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်ကစပြီး မြဝတီမြို့မှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့တာကြောင့် ‌ဒေသခံပြည်သူတွေ လျှပ်စစ်မီးအခက်အခဲနဲ့ ကြုံနေရကာ ချက်ပြုတ်စားသောက်ဖို့အတွက် မီးသွေးနဲ့ ဂက်စ်အိုးကိုသာ ဝယ်ယူသုံးစွဲနေရတယ်လို့ မြဝတီမြိုခံတဦးက ပြောပါတယ်။

လက်ရှိမှာလည်း မီးသွေးနဲ့ ဂက်စ်တွေက ဈေးအရမ်းတက်နေတဲ့အတွက် အဆင်မပြေသလို ဖုန်းတွေကိုလည်း ဆိုလာနဲ့ အားသွင်းနေရပြီး ရေကိုတော့ မီးစက်နှိုး တင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးကို အသုံးပြုပြီး စီးပွားရေးလုပ်နေရတဲ့ လုပ်ငန်းရှင်တွေကတော့ မီးစက်ကို အသုံးပြုနေရတဲ့အတွက် လက်ရှိမှာလည်း စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် လုပ်ငန်းကြန့်ကြာမှုတွေလည်း ရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

အခု ဖေဖော်ဝါရီလအတွင်းမှာ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်နေပေမဲ့ ဘယ်နေ့ပြန်ရမယ် ဆိုတာကိုတော့ အတိအကျ မသိရှိရဘူးလို့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မြဝတီမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်က သင်္ကန်းညီနောင် လျှပ်စစ်ဓာတ်အားခွဲစက်ရုံကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် သြဂုတ် ၂၀ ရက်ကလည်း ကော့ကရိတ်မြို့အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကာ လျှပ်စစ်တာဝါတိုင် ကျိုးပျက်ခဲ့တာကြောင့် အခုလို မီးပျက်နေတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024