DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် လုံခြုံရေးအခြေအနေ စိုးရိမ်စရာဖြစ်နေ၊ လူဦးရေ ၁၇,၀၀၀ ခန့် နေရပ်စွန့်ခွာတိမ်းရှောင်နေရဟု ကုလထုတ်ပြန်
DVB
·
February 10, 2023
ကရင်ပြည်နယ် လုံခြုံရေးအခြေအနေ စိုးရိမ်စရာဖြစ်နေ၊ လူဦးရေ ၁၇,၀၀၀ ခန့် နေရပ်စွန့်ခွာတိမ်းရှောင်နေရဟု ကုလထုတ်ပြန်
Donate to DVB

တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာကြောင့် ကရင်ပြည်နယ်အတွင်း လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေက စိုးရိမ်စရာ ဖြစ်နေပြီး ကျေးရွာ ၂၀ က လူဦးရေ ၁၇,၀၀၀ လောက်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ပါတယ်။

လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ်အနီးက တောတောင်တွေထဲမှာ  ခိုလှုံနေကြရကာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာအကူအညီတွေ အရေးပေါ်လိုအပ်နေပြီး တဆက်တည်းမှာပဲ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်အနှံ့အပြားက စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတွေပိုမို တင်းကျပ်ထားတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ နေထိုင်နေကြရတဲ့ စစ်ရှောင်ပြည်သူတွေဆီကို ရောက်ရှိအကူအညီပေးနိုင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအပါအဝင် ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ၊ အိုးအိမ်စွန့်စွာတိမ်းရှောင်ရတာတွေနဲ့ အရပ်သားပိုင် အိုးအိမ်ပျက်စီးဆုံးရှုံးတာတွေ ဆက်လက်ဖြစ်ပွားနေပြိး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၀ ရက်အထိ ကုလသမဂ္ဂနောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ အိုးအိမ်စွန့်ခွာနေထိုင်ရသူ ၃၆၁,၀၀၀ အထိ များလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  

နိုင်ငံတဝန်းမှာတော့ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ သန်းခွဲကျော် ရှိလာပြီဖြစ်ပြီး ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၂ သန်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိ ပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးကြရသူတွေလို ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့ပြီး လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013