DVB Logo
Home
မြန်မာသတင်း
FOEIM သင်တန်းကျောင်း ဆရာ/ဆရာမအားလုံးနီးပါး နုတ်ထွက်
DVB
·
February 8, 2023
FOEIM သင်တန်းကျောင်း ဆရာ/ဆရာမအားလုံးနီးပါး နုတ်ထွက်
Donate to DVB

ကြားကာလပညာရေးအတွက် ဖွင့်လှစ်တည်ထောင်ထားတဲ့ FOEIM အွန်လိုင်းသင်တန်းကျောင်းမှာ တည်ထောင်သူရဲ့ ငွေကြေးပြဿနာ အရှုပ်အရှင်းဖြစ်ပြီး ၂ လနီးပါးအကြာမှာ ဆရာ/ဆရာမအားလုံးနီးပါး နုတ်ထွက်သွားပါတယ်။

FOEIM သင်တန်းကျောင်းအောက်မှာ ဆက်လက်သင်ကြားတော့မှာမဟုတ်ဘဲ ဆရာ/ဆရာမ ၃၈၂ ယောက်တိတိနုတ်ထွက်ကြောင်း သင်ကြားရေးဆရာ/ဆရာမတွေက ဖေဖော်ဝါရီ ၆ ရက်မှာ  ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သင်ကြားရေးဆိုင်ရာ ကိစ္စတွေကိုတော့ လတ်တလောမှာ ပုံမှန်အတိုင်းဆောင်ရွက်မှာဖြစ်ပြီးတော့ FOEIM အောက်ကနေ ခွဲထွက်ပြီး ကျောင်းသစ်တည်ထောင်နိုင်ဖို့စီစဉ်နေကြောင်းလည်း ပူးတွဲထုတ်ပြန်ထားပါတယ်။

အခုလို နုတ်ထွက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး  FOEIM ဆရာမတစ်ဦးက  “တည်ထောင်သူ ဘက်က ဖြေရှင်းချက်တွေဟာ လကုန်လို့ လစာရရင်ပြီး‌ရော ငွေစာရင်းရှင်းတမ်းလာ မထုတ်ခိုင်းနဲ့ဆိုတဲ့ သဘောမျိုးသက်ရောက်နေတယ်။၊ တော်လှန်ရေးကျောင်းတ‌ကျောင်းအနေနဲ့ ငွေကြေးနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်လို့ယူဆတာကြောင့် နုတ်ထွက်ခဲ့တာ” လို့ ပြောပါတယ်။

FOEIM ကဆရာ/ဆရာမတွေအနေနဲ့ တခြားနာမည်အသစ်တစ်ခုနဲ့ ကျောင်းကို ဆက်ဖွင့်ဖို့ပြင်နေပြီး အခုလက်ရှိမှာတော့ အတန်းတွေခဏနားထားတယ်လို့လည်း FOEIM မှာ တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“အတန်းတွေကတော့ အခု ခဏနားထားတယ်။ ကျောင်းအသစ်မှာ ဆက်တက်ဖို့တော့ Form ပုံစံ ဖြည့်ထားပါတယ်။” 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက FOEIM သင်တန်းကျောင်း တည်ထောင်သူရဲ့ ငွေကြေးစီမံခန့်ခွဲ မှုနဲ့ပက်သတ်ပြီး ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပြီးနောက်  အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားနာစုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံချက်အရ FOEIM ကျောင်းတည်ထောင်သူထံ ကျန်ရှိနေရမယ့် ငွေပမာဏဟာ ကျပ်သိန်း  ၃၀,၈၀၀ ကျော်ဖြစ်တယ်လို့ သိရပါတယ်။

ဒီကျောင်းကိစ္စနဲ့ ပတ်သက်ပြီး NUG ပညာရေးဝန်ကြီးဌာနဟာ တိုင်ကြားသူတွေ၊ တိုင်ကြားခံရသူနဲ့ သင်ကြားရေး ဆရာ၊ ဆရာမတွေကို တွေ့ဆုံပြီး နွေဦးတော်လှန်ရေးကို မျက်နှာမူကာ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်မယ့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းသွားမယ်လို့ ပြီးခဲ့တဲ့လက ကြေညာထားပါတယ်။

ကျောင်းသားတွေရဲ့ ပညာရေးအခွင့်အလမ်းမဆုံးရှုံးစေဖို့နဲ့ လက်ရှိ သင်ယူနေမှုတွေကို အာမခံချက်ရှိအောင် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်လို့ မိဘတွေ၊ ကျောင်းသားတွေနဲ့ ဆရာတွေ စိတ်ပူပန်မှုမရှိဘဲ ပညာသင်ကြားရေးကို ဆက်လက်ဆောင်ရွက်သွားကြဖို့လည်း NUG အစိုးရက  မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013