DVB Logo
Home
မြန်မာသတင်း
ကြားကာလပညာရေး FOEIM School လွတ်မြောက်နယ်မြေတခုတွင် စတင်ဖွင့်လှစ်
DVB
·
May 2, 2022
ကြားကာလပညာရေး FOEIM School လွတ်မြောက်နယ်မြေတခုတွင် စတင်ဖွင့်လှစ်
1 / 7
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ်ဆက်ကာ ကြားကာလပညာရေးအတွက် ဖွင့်လှစ်နေ တဲ့ အခမဲ့အခြေခံပညာအဖွဲ့အစည်းတခုဖြစ်တဲ့ Free Online Educational Institution Myanmar (FOEIM) က တော်လှန်ရေးကျောင်းတကျောင်းကို လွတ်မြောက်နယ်မြေ ဒေသတခုမှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

FOEIM နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းကာ FOEIM School လို့ခေါ်တဲ့ ဒေသခံပြည်သူတွေ ကိုယ်ပိုင် လွတ်လပ်စွာ အုပ်ချုပ်တဲ့ (ဖက်ဒရယ်လမ်းစဉ်နဲ့အညီ) ပြည်သူ့ကျောင်းကို ဖွင့်လှစ်လိုက်တာဖြစ်ပြီး ကျောင်းသားဦးရေ ၁၀၀ နီးပါးကို စတင်ကာ အခမဲ့ စဉ်ဆက်မပြတ်ပညာရေးပေးနေပြီး သင်ကြားရေးမှာ လိုအပ်တဲ့ စာအုပ်တွေ၊ ဖတ်စာအုပ်တွေ၊ စာရေးကိရိယာတွေကိုလည်း အခမဲ့ ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

FOEIM  ဟာ နွေဦးတော်လှန်ရေးကာလမှာ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းနဲ့ မြေပြင်မှတဆင့် စဉ်ဆက်မပြတ် ပညာရေးပေးကာ ကြားကာလ ပြည်သူ့ပညာရေး ယန္တရားကို ဖော်ဆောင်နေတဲ့ လူထုအဖွဲ့ အစည်းတခု၊ ဒါမှမဟုတ် တော်လှန်ရေးကျောင်းတခုဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ FOEIM ကနေ အခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသားသစ်တွေ ခေါ်ယူသွားမှာဖြစ်ကာ ကျောင်းအပ်လက်ခံသွားမယ့် ရက်တွေနဲ့ စတင်တက်ရောက်ရမယ့် ရက်တွေကို ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ FOEIM ဟာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းကတဆင့် ကြားကာလ အခြေခံပညာရေးကို စဉ်ဆက်မပြတ် ရရှိအောင် အခမဲ့ ပညာရေးရရှိစေဖို့ အစွမ်းကုန်ကြိုးစားခဲ့သလို၊ အခုလာမယ့် ပညာသင်နှစ်မှာလည်း အွန်လိုင်းကသာမက မြေပြင်မှာပါ စဉ်ဆက်မပြတ်ပညာရေးပေးစွမ်းနိုင်ဖို့ ကြိုးစားအကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ FOEIM အနေနဲ့ ကြားကာလ အွန်လိုင်းပညာရေးနဲ့ ကြားကာလ မြေပြင်ပညာရေးဆိုပြီးတော့ ၂ မျိုးခွဲကာ သင်ရိုးသတ်မှတ်ပုံ၊ သင်ကြားရေးနဲ့ တတ်မြောက်မှုစစ်ဆေးခြင်းသတ်မှတ်ပုံတို့ကို ရေးဆွဲကာ ပိုမိုကောင်းမွန်တဲ့ ပညာ ရေးစနစ်ဖြစ်ပေါ်စေဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013