DVB Logo
Home
မြန်မာသတင်း
အခမဲ့တော်လှန်ရေးကျောင်း FOEIM School က မူလတန်းအဆင့်ကျောင်းသားသစ်များခေါ်ယူနေ
DVB
·
May 6, 2022
အခမဲ့တော်လှန်ရေးကျောင်း FOEIM School က မူလတန်းအဆင့်ကျောင်းသားသစ်များခေါ်ယူနေ
Donate to DVB

အခမဲ့အခြေခံပညာအဖွဲ့အစည်းတခုဖြစ်တဲ့ Free Online Educational Institution Myanmar (FOEIM) က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ်ဆက်ကာ ကြားကာလပညာရေးအတွက် တော်လှန်ရေးကျောင်းတွေ ဖွင့်လှစ်သင်ကြားနေပြီး မူလတန်းကျောင်းသားသစ်တွေ ခေါ်ယူနေပါတယ်။

FOEIM အနေနဲ့ အခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မူလတန်းဆင့် အတန်းတွေဖြစ်တဲ့ Grade 2, Grade 3 နဲ့ Grade 4 ကျောင်းသား၊ ကျောင်းသူတွေကို စတင်လက်ခံနေတာဖြစ်ပြီး အတန်းချိန်တွေအနေနဲ့ တနင်္လာကနေ သောကြာနေ့အထိ နေ့စဉ်မနက် ၉ နာရီကနေ ညနေ ၄ နာရီအတွင်းသာဖြစ်ပြီး တပတ်မှာ စာသင်ချိန်စုစုပေါင်း ၁၀ နာရီရှိမယ်လို့ ဆိုပါတယ်။

ဒီအတန်းတွေမှာတော့ သင်ကြားရေး ဆရာ၊ ဆရာမတွေ လိုအပ်တဲ့ အင်တာနက်ဒေတာဖိုး ထောက်ပံ့နိုင်ဖို့ လစဉ် ၆၀၀၀ ကျပ် ကောက်ခံမှာဖြစ်ပြီး၊ ကျောင်းလခကတော့ အခမဲ့ဖြစ်ကာ အတန်းတတန်းမှာ ကျောင်းသား ဦးရေ ၃၀၀ သာ လက်ခံပေးသွားမယ်လို့ ကြေညာထားပါတယ်။

ကျောင်းသားသစ် ခေါ်ယူမှုမှာတော့ လက်ရှိ FOEIM အတန်းတွေက ကျောင်းသား၊ ကျောင်းသူတွေနဲ့ E-Classes of FOEIM က ကျောင်းသား၊ ကျောင်းသူတွေ အပ်နှံဖို့ မလိုအပ်ကြောင်းနဲ့ ကျောင်းအပ်ထားသူတွေကို လာမယ့်မေ ၈ ရက်မှာ အီးမေးလ်ကတဆင့် ဆက်သွယ်အကြောင်းပြန်ပေးမယ်လို့ ဆိုပါတယ်။

FOEIM  ဟာ နွေဦးတော်လှန်ရေးကာလမှာ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းနဲ့ မြေပြင်မှတဆင့် စဉ်ဆက်မပြတ် ပညာရေးပေးကာ ကြားကာလ ပြည်သူ့ပညာရေး ယန္တရားကို ဖော်ဆောင်နေတဲ့ လူထုအဖွဲ့ အစည်းတခု၊ ဒါမှမဟုတ် တော်လှန်ရေးကျောင်းတခုဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ FOEIM ဟာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းကတဆင့် ကြားကာလ အခြေခံပညာရေးကို စဉ်ဆက်မပြတ် ရရှိအောင် အခမဲ့ ပညာရေးရရှိစေဖို့ အစွမ်းကုန်ကြိုးစားခဲ့သလို၊ အခုလာမယ့် ပညာသင်နှစ်မှာလည်း အွန်လိုင်းကသာမက မြေပြင်မှာပါ စဉ်ဆက်မပြတ်ပညာရေးပေးစွမ်းနိုင်ဖို့ ကြိုးစားအကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ FOEIM အနေနဲ့ ကြားကာလ အွန်လိုင်းပညာရေးနဲ့ ကြားကာလ မြေပြင်ပညာရေးဆိုပြီးတော့ ၂ မျိုးခွဲကာ သင်ရိုးသတ်မှတ်ပုံ၊ သင်ကြားရေးနဲ့ တတ်မြောက်မှုစစ်ဆေးခြင်းသတ်မှတ်ပုံတို့ကို ရေးဆွဲကာ ပိုမိုကောင်းမွန်တဲ့ ပညာ ရေးစနစ်ဖြစ်ပေါ်စေဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

လတ်တလော ခေါ်ယူထားတဲ့ မူလတန်းကျောင်းသားသစ်တွေအနေနဲ့ ကျောင်းအပ်နှံလိုတယ်ဆိုရင်တော့ ဖော်ပြပါ လင့်ခ်တွေကတဆင့် အပ်နှံသင်ကြားနိုင်မှာ ဖြစ်ပါတယ်။

Grade-2 ကျောင်းအပ်ရန် form

https://forms.gle/GpZaT8RtK3UmTQD88

Grade-3 ကျောင်းအပ်ရန် form

https://forms.gle/Q25p8QUFdMNKomYt6

Grade-4 ကျောင်းအပ်ရန် form

https://forms.gle/jqSNeySzCRQgsnKU7
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013