DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်မီးပြတ်ပြီး ဂက်စ်အခက်အခဲကြောင့် YBS ယာဉ်များ အလုံအလောက်မထွက်နိုင်
DVB
·
February 8, 2023
လျှပ်စစ်မီးပြတ်ပြီး ဂက်စ်အခက်အခဲကြောင့် YBS ယာဉ်များ အလုံအလောက်မထွက်နိုင်
Donate to DVB

လျှပ်စစ်မီးပြတ်တဲ့ ပြဿနာကြောင့် ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS မော်တော်ယာဉ်လိုင်းတွေ CNG အလုံအလောက် မရရှိတဲ့အတွက် မော်တော်ယာဉ်အစီးရေ အပြည့်အဝ မထွက်နိုင်ဘဲ ဘတ်စ်ကားစီး ခရီးသွားပြည်သူတွေ အခက်ကြုံနေရပါတယ်။

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ရောင်းဆိုင်တွေမှာ CNG ဖြည့်တင်းစဉ် လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်နေတဲ့အတွက် ဂက်စ်ဖြည့်ဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတာကြောင့် မော်တော်ယာဉ်အစီးရေ အလုံအလောက် မထွက်နိုင်ကြောင်း YBS ယာဉ်မောင်းတွေထံက သိရပါတယ်။

သခင်မြပန်းခြံနဲ့ လှိုင်သာယာကို ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက “ရန်ကုန်မှာက လျှပ်စစ်မီးက ပုံမှန်မရတော့ဘူး။ CNG ဆိုင်တွေမှာ ဂက်စ်ဖြည့်ရင် မီးပျက်တဲ့အတွက် အချိန်အကြာကြီး ကားထိုး တန်းစီပြီး စောင့်နေရတယ်။ ဂက်စ်ဆိုင်မှာပဲ တန်းစီပြီး အချိန်ပေးနေရတော့ ကားက မထွက်နိုင်တော့ဘူး။ ကားအလုံအလောက် မထွက်နိုင်တော့ ခရီးသည်တွေလည်း ဒုက္ခရောက်ရတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ သဘာဝဓာတ်ငွေ့ CNG အရောင်းဆိုင်ပေါင်း ၄၀ ကျော်ရှိပြီး  လျှပ်စစ်မီးမရတဲ့ အခက်အခဲကြောင့် CNG အရောင်းဆိုင်တချို့ ပိတ်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းတွေ CNG သဘာဝဓာတ်ငွေ့ အလုံအလောက်မရှိလို့ မော်တော်ယာဉ်လိုင်းတွေ အစီးရေ အပြည့်အဝ မထွက်နိုင်တဲ့အတွက် မြို့တွင်းကားမှတ်တိုင်တွေမှာ ခရီးသွားပြည်သူတွေ စုပြုံ စောင့်ဆိုင်းနေကြရတာပါ။

“ခုနောက်ပိုင်း လိုင်းကားတွေက အရင်လောက်မများတော့ဘူး။ မှတ်တိုင်တွေမှာလည်း လူတွေစုပြုံနေတာပဲ။ ညနေပိုင်း အလုပ်သိမ်းချိန်ဆို ကားတစီးလာဖို့ မနည်းစောင့်ရတယ်။ ကားရောက်လာရင်လည်း မနည်းတိုးဝှေ့တက်ပြီး အိမ်ပြန်ရတယ်” လို့  အင်းစိန် ပေါက်တောဝမှတ်တိုင်အနီး နေထိုင်သူ အမျိုးသမီးတဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ်လိုင်း ၁၁၀ ကျော်၊ ယာဉ်အစီးရေ ၃,၀၀၀ ကျော် နေ့စဉ်ပြေးဆွဲနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013