DVB Logo
Home
မြန်မာသတင်း
YCTA အသင်းမဝင်သည့် တက္ကစီများကို CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းမည် 
DVB
·
November 12, 2026
Photo: MOI
Photo: MOI
Donate to DVB

ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ CNG တက္ကစီယာဉ်တွေအနေနဲ့ YCTA အသင်းဝင်မှတ်ပုံတင်တာနဲ့ CNG Sticker တွေကို သတ်မှတ်ရက်အတွင်း ပြုလုပ်ထားခြင်းမရှိပါက CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းသွားမယ်လို့  YRTC က အသိပေးထုတ်ပြန်ထားပါတယ်။

CNG တက္ကစီယာဉ်တွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး စီးတီးတက္ကစီအသင်း (YCTA) မှာမဖြစ်မနေ အသင်းဝင်မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

ဒီအသင်းက တရားဝင်ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့မဟုတ်ပဲ YRTC နဲ့ပေါင်းပြီး CNG တက္ကစီယာဉ်တွေကို ဖိအားပေး အသင်းဝင်ခိုင်းနေတာလို့ တက္ကစီယာဉ်မောင်း တယောက်က ပြောပါတယ်။

“အဲဒီအသင်းက ဘာမှမဟုတ်ဘူး။ ဘာအသင်းမှန်းတောင် မသိဘူး။ အဲဒီအသင်းထဲဝင်ရင် ဘာအကျိုးရလဒ်ရမလဲ ဆိုတာလည်း မသိရဘူး။ ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ်။ အကျိုးမရှိဘူး။ အလကားအပိုတခုလို ဖြစ်နေတာ။ YRTC နဲ့ ပေါင်းလုပ်နေတာ။”

ရန်ကုန်တိုင်းဒေသကြီး စီးတီးတက္ကစီအသင်း (YCTA)မှာ အသင်းဝင်ကြေးအနေနဲ့ ကားတစီးကို ကျပ် ၇၀,၀၀၀ ကောက်ခံတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အသင်းဝင်မှတ်ပုံတင်တာနဲ့ CNG Sticker ကပ်တဲ့လုပ်ငန်းတွေကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ဆောင်ရွက်ကြရမှာဖြစ်ပြီး လိုက်နာခြင်းမရှိပါက ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်ကာ CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် သတ်မှတ်ချက်တွေနဲ့အညီ လိုအပ်တဲ့လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီးစီးမှသာ CNG ဝယ်ယူခွင့်ကို ပြန်လည်ခွင့်ပြုပေးသွားမယ်လို့လည်း YRTC က အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013