DVB Logo
Home
မြန်မာသတင်း
“မမများနဲ့ပွဲကမယ်” စတုတ္ထပရောဂျက် ရန်ပုံငွေတဝက်နီးပါးရရှိထား၊ ပြည်သူများ အားဖြည့်ပါ ဝင်ကြရန် နှိုးဆော်
DVB
·
February 8, 2023
“မမများနဲ့ပွဲကမယ်” စတုတ္ထပရောဂျက် ရန်ပုံငွေတဝက်နီးပါးရရှိထား၊ ပြည်သူများ အားဖြည့်ပါ ဝင်ကြရန် နှိုးဆော်
Donate to DVB

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဖြိုချနိုင်ဖို့နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်” စတုတ္ထပရောဂျက်စတင်နေရာမှာ ရန်ပုံငွေ ၄၈ ရာခိုင်နှုန်းရရှိထားခဲ့ပြီး ပြည်သူတွေအနေနဲ့ အားဖြည့်ပါဝင်ထောက်ပံ့နိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒီကမ်ပိန်းမှာလည်း ဩစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား၊ မြန်မာ၊ မလေးရှား၊ နယ်သာလန်၊ နယူးဇီလန်၊ စင်ကာပူ၊ ဆွစ်ဇာလန်၊ ထိုင်း၊ ထိုင်ဝမ်၊ ယူအေအီး၊ ယူကေနဲ့ အမေရိကန် စတဲ့ နိုင်ငံအသီးသီးက ရန်ပုံငွေရှာဖွေရေး အဖွဲ့တွေအသီးသီးနဲ့ ဆက်သွယ်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားခဲ့တာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကနေတဆင့် ပေးပို့ကူညီသွားမယ်လို့ ပြောထားပါတယ်။

လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီး နှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး တိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေဟာလည်း စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်ဆီးတိုက် ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီးမှုတွေက များပြားလာနေတာပါ။

“မမများနဲ့ပွဲကမယ်” အနေနဲ့ သိပ်မကြာခင်ကလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီဒေသတိုက်ပွဲကြားက လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် ၂၁ ရက်တာ ကမ်ပိန်းမှာ ကျပ်သိန်း ၅,၈၀၀ ကျော်ထိ ရှာဖွေ ပေးနိုင်ခဲ့သလို စစ်ကိုင်းတိုင်းဒေသကြီးအတွက် ရက် ၃၀ အတွင်း ကျပ်သိန်း ၁၅,၀၀၀ ပရောဂျက်မှာလည်း မျှော်မှန်းတဲ့ပမာဏထက်ကျော်လွန်ကာ ကျပ်သိန်း ၂၇,၀၀၀ ကျော်ထိ ရရှိထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်နဲ့ မကွေးတိုင်းက စစ်အာဏာရှင်တော်လှန်ရေးမှာ လိုအပ်ချက်တွေ ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်” တတိယပရောဂျက်မှာလည်း ငွေကျပ် သိန်းပေါင်း ၁၅,၄၃၀ ရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013