DVB Logo
Home
မြန်မာသတင်း
ရောင်နီ New York ပွဲမှ ရန်ပုံငွေ ဒေါ်လာ ၁၃၀,၀၀၀ ကျော်ရရှိ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေကြောင်း ဆုတောင်း
DVB
·
September 15, 2025
ရောင်နီ New York ပွဲမှ ရန်ပုံငွေ ဒေါ်လာ ၁၃၀,၀၀၀ ကျော်ရရှိ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေကြောင်း ဆုတောင်း
1 / 17
Donate to DVB

အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ ဦးဆောင်ဖျော်ဖြေတဲ့ ရောင်နီ New York ပွဲကနေ စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၃၀,၀၀၀ ကျော် ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ထုတ်ပြန်ပါတယ်။

ဒေသစံတော်ချိန် စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တဲ့ New York ရောင်နီတေးဂီတဖျော်ဖြေပွဲဟာ ရောင်နီ U.S Tour ရဲ့ ၇ ပွဲမြောက်ဖြစ်ပါတယ်။ 

ဂီတဖျော်ဖြေပွဲကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်အားပေးခဲ့ပြီး ခွန်အားပေးစကားပြောဆိုခဲ့ပါတယ်။

မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း New York ဖျော်ဖြေပွဲစခင်မှာ ငြိမ်သက်ဆုတောင်းတဲ့ အစီအစဉ်ကိုလည်း ထည့်သွင်းဆောင်ရွက်ခဲ့ပါတယ်။

ရောင်နီပွဲတွေရဲ့ အစီအစဉ်အတိုင်း New York ပွဲမှာလည်း ရန်ပုံငွေတွေကို မြေပြင်ကို ပို့ဆောင်ခွဲဝေတာ၊ အကောင်အထည်ဖော်ဆောင်နေတာတွေကို ပွဲမစခင်မှာ အဆိုတော်လင်းလင်းက Slide Show နဲ့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ Zoom Meeting နဲ့ မြေပြင်က တော်လှန်ရေး ရဲဘော်ရဲဘက်တွေနဲ့ ပရိသတ်ကို မိတ်ဆက်ပေးခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦး ဖြစ်တဲ့ မနီလာသိန်းက အမှတ်တရ ဂုဏ်ပြုစကား ပြောဆိုခဲ့ပါတယ်။

New York ပွဲမှာ Special Guest အဖြစ် The Durgas တေးဂီတအဖွဲ့မှ Benjii က ပါဝင်ဖျော်ဖြေခဲ့ပြီး ရောင်နီ U.S Tour ရဲ့ ၈ ပွဲမြောက်အဖြစ် California State ၊ Los Angeles မြို့မှာ ဆက်လက်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ 

ဇေယျာချမ်းအေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013