DVB Logo
Home
မြန်မာသတင်း
LA ရောင်နီ ဂီတဖျော်ဖြေပွဲမှ တော်လှန်ရေးရန်ပုံငွေ ဒေါ်လာ ၁၄၀,၀၀၀ ကျော်ရရှိ
DVB
·
October 22, 2025
LA ရောင်နီ ဂီတဖျော်ဖြေပွဲမှ တော်လှန်ရေးရန်ပုံငွေ ဒေါ်လာ ၁၄၀,၀၀၀ ကျော်ရရှိ
1 / 10
Donate to DVB

တော်လှန်အနုပညာရှင် အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ ဦးဆောင်တဲ့ LA ရောင်နီ ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေး ရန်ပုံငွေ ဒေါ်လာ ၁၄၀,၀၀၀ ကျော်ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ထုတ်ပြန်ပါတယ်။

ဒေသစံတော်ချိန် အောက်တိုဘာ ၁၉ ရက်က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲဟာ ရောင်နီ U.S Tour ရဲ့ ၈ ပွဲမြောက် ဖြစ်ပါတယ်။

ရောင်နီပွဲတွေရဲ့ အစီအစဉ်အတိုင်း LA ပွဲမှာလည်း ရန်ပုံငွေတွေကို မြေပြင်ကို ပို့ဆောင်ခွဲဝေတာ၊ အကောင်အထည်ဖော်ဆောင်နေတာတွေကို ပွဲမစခင်မှာ အဆိုတော်လင်းလင်းက Slide Show နဲ့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ 

Zoom Meeting နဲ့ မြေပြင်က တော်လှန်ရေး ရဲဘော်ရဲဘက်တွေနဲ့ ပရိသတ်ကို မိတ်ဆက်ပေးခဲ့ပြီး အထူဧည့်သည်အဖြစ် သရုပ်ဆောင်ခါရာနဲ့ The Durgas Band တို့ ပူးပေါင်းဖျော်ဖြေခဲ့ ပါတယ်။

နိုဝင်ဘာ ၁ ရက်မှာ U.S Tour ရဲ့ ၉ ပွဲမြောက်အဖြစ် ရောင်နီ Live in Minnesota ပွဲကို ဆက်လက်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013