DVB Logo
Home
မြန်မာသတင်း
MPT Exchange ရုံး မီးလောင်ပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်သည့်အပေါ် MPT တောင်းပန်
DVB
·
February 7, 2023
MPT Exchange ရုံး မီးလောင်ပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်သည့်အပေါ်  MPT တောင်းပန်
1 / 3
Donate to DVB

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ MPT Exchange ရုံး ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၁၀ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် MPT ဖုန်းလိုင်းတွေ တနိုင်ငံလုံးနီးပါး ယာယီပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် ဒီကနေ့ မနက် ၁၀ နာရီမခွဲခင်လောက် MPT ဖုန်းလိုင်းတွေ ပြတ်တောက်သွားခဲ့တာဖြစ်ပြီး တနိုင်ငံလုံးနီးပါး ဖုန်းလိုင်းတွေ ပြတ်တောက်တာဖြစ်နိုင်ပြီး နေ့လယ် ၁၂ ခွဲလောက်အထိ ဖုန်းခေါ်ဆိုလို့ မရရှိသေးလို့ ရန်ကုန်က MPT အသုံးပြုတွေဆီကနေ သိရပါတယ်။

“MPT ရုံး မီးလောင်တယ်လို့ ကြားတယ်။ မနက်ကတော့ ၁၀ နာရီခွဲလောက်ကတည်းက ဖုန်းတွေ ခေါ်လို့ မရဘဲဖြစ်နေတာ အခုထိလည်း မရသေးဘူး၊ ရန်ကုန်တင်မဟုတ်ဘဲ တနိုင်ငံလုံး ပြတ်ကုန်တာ ထင်တယ်။ နယ်ကို ဖုန်းခေါ်တာလည်း ခေါ်မရတော့ဘူး”လို့ ရန်ကုန်နေ ပြည်သူတယောက်က နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ ပြောပါတယ်။

အဆိုပါမီးလောင်မှုကြောင့် စစ်ကိုင်းထဲက ကန့်ဘလူမြို့နယ်မှာပါ MPT လိုင်းတွေ ယာယီပြတ်တောက်တာတွေ ဖြစ်ခဲ့ပြီး အခုတော့ ပြန်လည်အသုံးပြုလို့ရနေပြီလို့ ကန့်ဘလူခရိုင် ကျွန်းလှတက်ကြွလှုပ်ရှားသူများဆီကနေ သိရပါတယ်။

DVB က ဆက်သွယ်မေးမြန်းချက်အရ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာတော့ ရန်ကုန်မှာ MPT ဖုန်းလိုင်းတွေ ပြန်လည်အသုံးပြုလို့ရနေပြီဖြစ်တယ်လို့ ထပ်မံစုံစမ်း သိရှိရပါတယ်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ MPT Exchange ရုံးမှာ ဖေဖော်ဝါရီ ၇ ရက် ဒီမနက် ၁၀ နာရီ ၂၃ မိနစ်က  မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က မီးသတ်ယာဉ်တွေနဲ့ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်တွေ ထွက်ခွာငြှိမ်းသတ်ခဲ့ရာမှာ မနက် ၁၀ ၃၇ အချိန် မီးထိန်းနိုင်ခဲ့ပြီး မနက် ၁၀ နာရီ ၄၅ အချိန် မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

MPT Exchange ရုံးမီးလောင်မှုဖြစ်ပွားပြီးနောက် MPT အင်တာနက်နဲ့ မိုဘိုင်းလ် တယ်လီဖုန်းလိုင်းတွေ ဆက်သွယ်မှုပြတ်တောက်နေတာနဲ့ ပတ်သက်ပြီး တောင်းပန်တဲ့ အကြောင်း   သုံးစွဲသူတွေထံ MPT ကုမ္ပဏီက အသိပေးထုတ်ပြန်ထားပါတယ်။

မီးလောင်မှုဖြစ်ပြီးနောက် MPT Call Center, ဖိုင်ဘာအင်တာနက်၊ မိုဘိုင်းလ် အင်တာနက်၊ မိုဘိုင်းလ်နဲ့ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းတွေ လတ်တ​လောအခက်အခဲတွေ ဖြစ်ပေါ်နေပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတာ၀န်ရှိသူတွေက မူလအတိုင်း ဆက်သွယ်မှု ပြန်လည်ရရှိနိုင်စေရေး အမြန်ဆုံး ပြုပြင်ဆောင်ရွက်သွားမှာဖြစ်ပြီး အဆင်မပြေမှုတွေအတွက် အနူးအညွတ်တောင်းပန်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဆက်သွယ်ရေးကွန်ရက်အခြေအနေနဲ့ ပတ်သက်ပြီးအပြောင်းအလဲရှိပါကအကြောင်းကြားပေးသွားမယ်လို့လည်း အသိပေးကြေညာထားပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ မီးလောင်ဆုံးရှုံးမှု ပမာဏကိုတော့ လတ်တလော မသိရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013