DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် ၁ လအတွင်း တိုက်ပွဲ ၃၀ ကျော်ဖြစ်၊ ပြည်သူ ၇,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး
DVB
·
February 6, 2023
တနင်္သာရီတိုင်းတွင် ၁ လအတွင်း တိုက်ပွဲ ၃၀ ကျော်ဖြစ်၊ ပြည်သူ ၇,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး
Donate to DVB

တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ လတာအတွင်း တိုက်ပွဲအကြိမ်ရေ ၃၀ ကျော် ဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သားပြည်သူ ၇,၀၀၀ ကျော်ထိ ရှိလာနေတယ်လို့ အရပ်ဘက် လူမှုအဖွဲ့အစည်း တခုဖြစ်တဲ့ Southern Monitor အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၂၅ ယောက် သေဆုံးခဲ့ရပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပုလောမြို့နယ်နဲ့ ထားဝယ်မြို့နယ်တွေထဲမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရတဲ့ အရပ်သားနေအိမ် ၃၃ လုံးထက်မနည်း ရှိခဲ့တယ်လို့ Southern Monitor အဖွဲ့က ပြောပါတယ်။

လတ်တလောမှာတော့ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လက်လှမ်းမီရရှိနိုင်ရေး ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်ကာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေ အနေနဲ့ စားနပ်ရိက္ခာခြောက်၊ အမိုးအကာနဲ့ အနွေးထည် လုံလောက်စွာရရှိနိုင်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

Southern Monitor အဖွဲ့ကတော့ တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေတဲ့ လူမှုစီးပွားရေး၊ ပဋိပက္ခအခြေအနေတွေ၊ စစ်ဘေးရှောင်ပြည်သူတွေအရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်တွေကို စောင့်ကြည့်လေ့ လာပြီး ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပိုမိုသိရှိနိုင်အောင် လေ့လာတင်ပြပေးတဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တခု ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကုန်အထိ မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ၁ သန်းခွဲကျော်ထိ ရှိလာနေပြီး ခက်ခဲတဲ့အခြေအနေတွေနဲ့ နေထိုင်နေကြရတာကြောင့် လူမှုကယ်ဆယ်ရေး အကူအညီတွေ အပူတပြင်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်း မာရေး၊ ပညာရေးစတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့ပြီး လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှု တွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013