DVB Logo
Home
မြန်မာသတင်း
ကျားဖြူပါတီ တနိုင်ငံလုံးစည်းရုံးလှုပ်ရှားမည့်ပါတီအဖြစ် မှတ်ပုံတင်ရန် ပြင်ဆင်
DVB
·
February 6, 2023
ကျားဖြူပါတီ တနိုင်ငံလုံးစည်းရုံးလှုပ်ရှားမည့်ပါတီအဖြစ် မှတ်ပုံတင်ရန် ပြင်ဆင်
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်း ပြည်နယ်လွှတ်တော် ၁ နေရာသာ အနိုင်ရရှိခဲ့တဲ့ ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဟာ တနိုင်ငံလုံးစည်းရုံးနိုင်တဲ့ပါတီအဖြစ် မှတ်ပုံတင်ဖို့ ပြင်ဆင်နေပြီလို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီအနေနဲ့ အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရုံးခန်းဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေမှာ ဝင်ပြိုင်ကြမယ့်က ကိုယ်စားလှယ်တွေက သူတို့ ဖာသာ ရုံးခန်းဖွင့်ရမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေမှာ မှတ်ပုံတင်ခွင့်ပြုချက်ရပြီး ရက်ပေါင်း ၉၀ အတွင်းမှာ ပါတီဝင်အင်အား အနည်းဆုံး ၁ သိန်း ရှိရမှာဖြစ်ပြီး ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ရက်ပေါင်း ၁၈၀ အတွင်းမှာ တစ်နိုင်ငံလုံးမြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ပါတီရုံးခန်းဖွင့်ရမယ်လို့လည်း ပါရှိပါတယ်။

ဒါပေမဲ့ ရှမ်းပြည်နယ်အတွင်းမှာ လူထုထောက်ခံမှုအများဆုံးရရှိထားပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်နေရာ ၁၅ နေရာနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်နေရာ ၂၇ အနိုင်ရရှိခဲ့တဲ့  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ကျားခေါင်းပါတီ)ကတော့   အာဏာသိမ်းစစ်တပ်က ပြဋ္ဌာန်းလိုက်တဲ့ မှတ်ပုံတင်ခြင်းဥပဒေအရ ပြန်လည်မှတ်ပုံတင်မလား မတင်ဘူးလားဆိုတဲ့အပေါ် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ  ဦးစိုင်းညွန့်လွင်ကတော့ ဥပဒေသစ်အရ ပါတီတခုအနေနဲ့ အထူးသဖြင့်တိုင်းရင်းသားပါတီတွေအနေနဲ့ ပြည့်စုံဖို့မလွယ်ကြောင်းနဲ့ ကြံ့ခိုင်ရေးတပါတီတည်းသာ နိုင်ငံတဝန်းယှဉ်ပြိုင်မယ့်ပါတီကျန်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။ 

“ဒီ ၅ လ ၆ လ အတွင်းမှာ လူတစ်သိန်းစုဖို့ရယ်၊ ပါတီရုံး ၁၅၀ ဖွင့်ဖို့ရယ်ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူက ဒီအချိန်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို ထွန်းကားအောင် အားပေး ဖို့လိုတဲ့အချိန်မှာ တခြားမဖြစ်နိုင်တဲ့ကိစ္စတွေကို အချက်အလက်တွေနဲ့ လုပ်လိုက်တော့ ပြိုင်ဘက်တွေကို ချိုးနှိမ်လိုက်တာပေါ့ဗျာ။ ခုနက ကျနော်ပြောသလိုပေါ့ ပြိုင်ဘက်က ခပ်ညံ့ညံ့ပြိုင်ဘက်ပဲ ကျန်ခဲ့မယ်။"

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013