DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးရည်မှန်းချက်အောင်မြင်သည်အထိ အားသွန်ခွန်စိုက်ကြိုးပမ်းရန် ကေအန်ယူဥက္ကဋ္ဌ တိုက်တွန်း
DVB
·
February 5, 2023
နိုင်ငံရေးရည်မှန်းချက်အောင်မြင်သည်အထိ အားသွန်ခွန်စိုက်ကြိုးပမ်းရန် ကေအန်ယူဥက္ကဋ္ဌ တိုက်တွန်း
1 / 8
Donate to DVB

ကရင့်အမျိုးသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်တဲ့အထိ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကျဖို့  ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းလိုက်ပါတယ်။

ကေအန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဌာနချုပ်မှာ ဖေဖော်ဝါရီ ၅ ရက် မနက် ၈ နာရီက ကျင်းပပြုလုပ်တဲ့  ကေအန်ယူ -ကရင်အမျိုးသားအစည်းအရုံးနေ့ (Karen National Union Day )  ဖွဲ့စည်းတည်ထောင်ခြင်း ၇၆ နှစ်မြောက်အခမ်းအနားကိုပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ အခုလို တိုက်တွန်းထားတာပါ။

ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “ကေအန်ယူ- ကရင်အမျိုးသား အစည်းအရုံးဟာ ကရင့်အမျိုးသားတွေအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေတာကိုခံယူပြီး ကရင့်အမျိုးသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်တဲ့အထိ အကောင်အထည် ဖော်ဆောင်နိုင်ဖို့ ကျရာတာဝန်အသီးသီးမှာ တာဝန်ယူကြပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကျဖို့"  ပြောပါတယ်။

အခမ်းအနားမှာ ကရင်အမျိုးသားအလံတော်ကို အလေးပြုတာ၊ အခမ်းအနားကို ကြွရောက်လာတဲ့သူတွေနဲ့ နှုတ်ခွန်းဆက်စကားပြောကြားတာ၊ ကေအန်ယူ - ကရင်အမျိုးသားအစည်း အရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပေးပို့လာတဲ့ သဝဏ်လွှာကို ဖတ်ကြားတာ၊ မျိုးဆက်သစ် (NGLP) ကျောင်းသားကျောင်းသူတွေက ဂုဏ်ပြုတေးသီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။

ဆက်လက်ပြီး ၇၆ မြောက်အခမ်းအနားကို တက်ရောက်လာကြတဲ့ ခေါင်းဆောင်ကြီးတွေက မိန့်ခွန်းအသီးသီးပြောကြားခဲ့သလို အခမ်းအနားကို ဂုဏ်ပြုတက်ရောက်လာသူတွေကို အခမ်းအနားမှူးက ကျေးဇူးတင်စကားပြောကြားပြီး ကရင်အမျိုးသားသီချင်းသီဆိုပြီး  အခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။

(၇၆) ကြိမ်မြောက် ကေအန်ယူ - ကရင်အမျိုးသားအစည်းအရုံးနေ့ (Karen National Union Day) အခမ်းအနားကို ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) စစ်ဌာနချုပ်က ခေါင်းဆောင်တွေနဲ့ စစ်သည်တော်တွေ၊ ကရင်လူငယ်အစည်းအရုံး (KYO)မှ လူငယ်ခေါင်းဆောင်တွေ၊ မျိုးဆက်သစ်ခေါင်းဆောင်သင်တန်းကျောင်း (NGLP) က ကျောင်းသားကျောင်းသူတွေနဲ့ ဒေသခံပြည်သူလူထုတွေက တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။

ကေအန်ယူကို ကရင်အမျိုးသားအဖွဲ့အစည်း‌လေးဖွဲ့ဖြစ်တဲ့ ‌ဒေါကလူ(ကရင်အမျိုးသားအသင်း၊ Karen National Association-KNA)၊ ဗုဒ္ဓဘာသာကရင်အမျိုးသားများအသင်း(Buddhist Karen National Association-BKNA)၊ ကရင် ဗဟိုအဖွဲ့ချုပ်(Karen Central Organization-KCO)နဲ့ ကရင်လူငယ်အစည်းအရုံး(Karen Youth Organization-KYO) တို့ စုစည်းပြီး ၁၉၄၇ ခုနှစ်၊ ‌ဖေဖော်ဝါရီ ၃ ရက်ကနေ ၇ ရက်နေ့အထိ ရန်ကုန်မြို့မှာကျင်းပပြုလုပ်တဲ့ ကရင်အမျိုးသားညီလာခံကြီးကနေ ဖေ‌ဖော်ဝါရီ ၅ ရက်‌နေ့မှာ ကေအန်ယူ - ကရင်အမျိုးသားအစည်းအရုံးကို ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013