DVB Logo
Home
မြန်မာသတင်း
ကရင်နီတိုက်ပွဲအတွင်း ကျဆုံးသွားသည့် SSLRU ရဲဘော် ၁ ဦး​၏ ဈာပနကျင်းပ
DVB
·
February 3, 2023
ကရင်နီတိုက်ပွဲအတွင်း ကျဆုံးသွားသည့် SSLRU ရဲဘော် ၁ ဦး​၏ ဈာပနကျင်းပ
Donate to DVB

ကယား (ကရင်နီ) ပြည်အတွင်း တိုက်ပွဲတခုမှာ ကျဆုံးသွားတဲ့ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်‌ရေးတပ်ပေါင်းစု (SSLRU) က ရဲဘော် ၁ ဦးရဲ့ ဈာပနကို ဇန်နဝါရီ ၂ ရက်က ပြုလုပ်ခဲ့တယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က ထုတ်ပြန်ပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်ဟာ ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၁၉ နှစ်အရွယ် ရဲဘော်မဲကြီးဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက် နေ့လယ် ၁ နာရီခွဲမှာ  ကယား (ကရင်နီ) ပြည်နယ် ဒေသအတွင်း ရှေ့တန်းတနေရာမှာ စစ်ကောင်စီတပ်တွေကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစုနဲ့ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံဝောာ်လှန်ရေးတပ်ပေါင်းစုတို့ဟာ ကယား (ကရင်နီ) ဒေသအတွင်း စစ်ရေး ပူးပေါင်းတိုက်ခိုက်ခဲ့တာ ၃ လပြည့်ခဲ့ပြီး SSLRU တပ်ပေါင်းစုမှ ရဲဘော်မဲကြီးဟာ ပထမဆုံး ကျဆုံး‌ခဲ့တာလို့ သိရပါတယ်။

ရဲ‌ဘော်မဲကြီးကို နွေဦးတော်လှန်ရေးရဲ့ အာဇာနည်အဖြစ် အစဉ်ထာဝရ အသိအမှတ်ပြု မှတ်ကျောက်တင်ဂုဏ်ပြုရင်း ရဲဘော်နဲ့ တိုင်းရင်းသားပြည်သူလူထုတို့ လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မရမချင်း ဆက်လက် တိုက်ပွဲဝင် တော်လှန်သွားမယ်လို့ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013