DVB Logo
Home
မြန်မာသတင်း
ရနောင်း လ.ဝ.ကတွင် ထိန်းသိမ်းခံနေရသည့် မြန်မာနိုင်ငံသား ၆၀၀ ကျော် နေရပ်ပြန်ခွင့်ရ (ရုပ်သံ)
DVB
·
February 2, 2023
ရနောင်း လ.ဝ.ကတွင် ထိန်းသိမ်းခံနေရသည့် မြန်မာနိုင်ငံသား ၆၀၀ ကျော် နေရပ်ပြန်ခွင့်ရ (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံမှာ ထောင်ချထားခံရတဲ့ မြန်မာနိုင်ငံသား ၆၀၀ ကျော်ဟာ လွတ်ရက်စေ့ ပြီးဖြစ်ပေမဲ့ မြန်မာနိုင်ငံ ပြန်ခွင့်မရဘဲ ရနောင်း လ.ဝ.က ထိန်းသိမ်းရေးစခန်းမှာ  လပေါင်းများစွာ ဆင်းရဲကျပ်တည်းစွာ နေခဲ့ရကာ ဒီနေ့ ဖေဖော်ဝါရီ   ၂ ရက်မှာတော့ မြန်မာဘက်က အားလုံးကို ပြန်ခေါ်သွားပြီလို့ ထိုင်းအခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာအလုပ်သမား စုစုပေါင်း ၆၇၀ လောက်ကို သင်္ဘောတစီးလျှင် လူ ၂၀၀ လောက်နှုန်းနဲ့ တသုတ်ပြီးတသုတ် သယ်ယူမှာဖြစ်ပြီး ရန်ကုန်နဲ့ တခြားရပ်ဝေးမှာ နေထိုင်သူတွေအတွက် ကော့သောင်းကနေတဆင့် စစ်သင်္ဘောအကြီးတစီးနဲ့ ဆက်လက်ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။

နီးတဲ့လူတွေအတွက်တော့ ကားစီစဉ်ပေးထားပြီး မြန်မာဘက်ကိုရောက်ရင် နေရေးထိုင်ရေးနဲ့ ဆေးစစ်ဖို့တွေပါ စီစဉ်ထားတယ်လို့ ထိုင်းနိုင်ငံကို အရင်ရောက်ရှိလာတဲ့ မြန်မာရေတပ်အရာရှိက ရှင်းပြတယ်လို့  နေရပ်ပြန်မယ့် အလုပ်သမားတယောက်က ပြောပါတယ်။

ဒီနောက် တနင်္သာရီရေတပ်စခခန်းဌာနချုပ်က ဗိုလ်မှူးချုပ်သိန်းထူး ဦးဆောင်တဲ့အဖွဲ့က ရောက်လာပြီး ထိုင်းဘက်က ရနောင်းအုပ်ချုပ်ရေးမှူးထံကနေတဆင့် လွှဲပြောင်းတဲ့ အစီအစဉ် ပြုလုပ်ခဲ့ကာ မြန်မာအလုပ်သမားတွေ နောင်မှာ  တရားမဝင်လမ်းကနေ မလာဖို့၊ ပွဲစားတွေကို မယုံကြဖို့နဲ့ ထိုင်းအစိုးရကိုလည်း  ကျေးဇူးတင်ကြောင်းတွေ ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

အဖမ်းခံထားရတဲ့ မြန်မာအလုပ်သမားတွေက လွတ်ရက်စေ့ပေမဲ့ ပြည်တော်ပြန်ခွင့်မရဘဲ၊ ရနောင်းအချုပ်မှာ ၆ လ ကာလအထိ နေနေရတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ နေရပ်ပြန်ပို့ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြတာကြောင့် အခုလို ထိုင်းအစိုးရက မြန်မာစစ်ကောင်စီနဲ့ ညှိနှိုင်းပြီး နေရပ်ပြန်ခွင့်ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013