DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်ရှိ CDM များကို ရွှေဝါရောင်ဆရာတော်အရှင်ထာဝရက ကူညီထောက်ပံ့
DVB
·
January 28, 2023
ထိုင်းနယ်စပ်ရှိ CDM များကို  ရွှေဝါရောင်ဆရာတော်အရှင်ထာဝရက ကူညီထောက်ပံ့
Donate to DVB

မြန်မာ-ထိုင်း နယ်စပ်မြို့မှာရှိတဲ့ CDM ဝန်ထမ်းတွေကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦး ဖြစ်တဲ့ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရက  ဇန်နဝါရီလ ၂၇ ရက်မှာ စားနပ်ရိက္ခာနဲ့ ငွေကြေးတချို့ ထောက်ပံ့ခဲ့တယ်လို့ CDM  ဝန်ထမ်းတွေက ပြောပါတယ်။ 

CDM ပညာရေးဝန်ထမ်းတွေနဲ့ စစ်သားတွေကို အခုလို ထောက်ပံ့ခဲ့တဲ့အပြင် စာသင်ကျောင်း နှစ်ကျောင်းက ကလေး ၅၀၀ ကျော်ကိုလည်း ထောက်ပံ့ခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။ 

ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ အနေနဲ့ အခုလို ထောက်ပံ့ပေးခဲ့တာ ၂ နှစ်ကျော်ပြီဖြစ်ပြီး ဆက်လက်ထောက်ပံ့သွားမှာဖြစ်သလို မြန်မာပြည်သူတွေကသာ တိုက်ပွဲရဲ့အဆုံးအဖြတ်ကို ပေးရမှာဖြစ်လို့ ရှေးကထက် ပိုပြီး စည်းလုံးညီညွတ်ဖို့လည်း ဆရာတော်က မိန့်ကြားပါတယ်။ 

ရွှေဝါရောင်ဆရာတော်ဟာ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကနေစပြီး နွေဦးတော်လှန်ရေးကာလအထိ နွေဦးသံဃာကွန်ယက်နဲ့ လက်တွဲပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။

လက်ရှိမှာလည်း ကမ္ဘာနိုင်ငံတွေကို လှည့်လည်ကြွရောက်ပြီး ရန်ပုံငွေတရားပွဲတွေနဲ့ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေးနေသူ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013