DVB Logo
Home
မြန်မာသတင်း
ရေစကြိုတွင် စိတ်ရောဂါဝေဒနာရှင် ၁ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
January 26, 2023
ရေစကြိုတွင် စိတ်ရောဂါဝေဒနာရှင် ၁ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းက စိတ်ရောဂါဝေဒနာရှင် တယောက်ကို စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့ အမှတ် ၆ ရပ်ကွက်က စိတ်ရောဂါဝေဒနာရှင် ကိုမင်းမင်းထိုက်ကို  ဇန်နဝါ ၂၅ ရက် မနက် ၁၀ နာရီလောက်မှာ မိုင်းထောင်ဖောက်ခွဲဖို့ လုပ်တယ်လို့ စစ်တပ်က စွပ်စွဲပြီး ရိုက်နှက် ဖမ်းဆီးသွားကြတယ်လို့ ရေစကြိုမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“သူက စိတ်ဖောက်ပြန်နေတဲ့သူပါဗျ။ မိုင်းထောင်ဖောက်ခွဲဖို့ လုပ်တယ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ စစ်(...)တွေက ရိုက်နှက်ဖမ်းဆီးတာကြောင့် မျက်နှာတွေ၊ ဒူးခေါင်းတွေနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့ပြီး သူ့ကိုတော့ ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာကို မသိရသေးဘူး။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အပေါင်းပါတွေဟာ ရေစကြိုမြို့နယ်ထဲက ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးကာ ငွေညှစ်တာတွေ ပြုလုပ်သလို တရားစွဲ ထောင်ချတာတွေလည်း ပြုလုပ်နေတယ်လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းကလည်း ဒေသခံပြည်သူတယောက်ကို စစ်အုပ်စုတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃,၆၅၈ ယောက်ရှိပြီး အဲဒီထဲက ၂,၁၇၀ ယောက်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013