DVB Logo
Home
မြန်မာသတင်း
YBS ဘတ်စ်ကားပေါ် CCTV ဖွင့်မောင်းခြင်း ရှိ၊ မရှိ စစ်ကောင်စီတပ်နှင့် ရဲက တက်ရောက် စစ်ဆေး
DVB
·
January 25, 2023
YBS ဘတ်စ်ကားပေါ် CCTV ဖွင့်မောင်းခြင်း ရှိ၊ မရှိ စစ်ကောင်စီတပ်နှင့် ရဲက တက်ရောက် စစ်ဆေး
Donate to DVB

YBS ယာဉ်လိုင်းတွေကို စစ်ကောင်စီက Yangon Bus Operator လိုခေါ်တဲ့ အင်တာနက်ကနေတဆင့် ထိန်းချုပ်တဲ့စနစ်ကို ပြန်လည်အသက်သွင်းပြီးနောက် YBS ယာဉ်လိုင်းတွေပေါ်အထိ တက်ကာ CCTV ဖွင့်ထားတာတွေ ရှိ၊ မရှိ စစ်ဆေးနေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက်က စစ်ကောင်စီတပ်သားတွေနဲ့ ယာဉ်ထိန်းရဲတွေ၊ ရဲတပ်ဖွဲ့တွေက ရန်ကုန်ဆေးရုံကြီး မှတ်တိုင်နား မရောက်ခင်နားမှာ YBS ကားတွေပေါ်တက်ပြီး ယာဉ်မောင်းတွေကို CCTV ဖွင့်ထားတာ ရှိ၊ မရှိ စစ်ဆေးမေးမြန်းခဲ့တယ်လို့ ခရီးသွားပြည်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားပေါ်က ခရီးသွား ပြည်သူတွေကိုလည်း လိုက်လံကြည့်ရှုပြီး ကားတွေကိုလည်း ဓာတ်ပုံရိုက်သွားသလို နောက်ထပ်လာတဲ့ကားတွေကိုလည်း တားဆီးစစ်ဆေးတယ်လို့ ပြောပါတယ်။

YBS ယာဉ်လိုင်းတွေကို အင်တာနက် ကနေတဆင့် ထိန်းချုပ်တဲ့စနစ်ကို ပြန်လည်အသက်သွင်းနေပြီး YBS ယာဉ်တိုင်းမှာ CCTV တပ်ဖို့နဲ့ CCTV ပျက်စီး‌နေတဲ့ ယာဉ်တွေအနေနဲ့ ပြန်လည်ပြင်ဆင်ဖို့ YRTA က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013