DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါ ပညာရေးနှင့်ထွေအုပ်ဝန်ထမ်း ၁၈ ဦး အလင်းဝင်
DVB
·
January 24, 2023
ဂန့်ဂေါ ပညာရေးနှင့်ထွေအုပ်ဝန်ထမ်း ၁၈ ဦး အလင်းဝင်
Donate to DVB

မကွေးတိုင်း ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်ထဲက တာဝန်ထမ်းဆောင်ဆဲ ပညာရေးဝန်ထမ်း ၁၇ ယောက်နဲ့ အထွေထွေအုပ်ချုပ်ရေးရုံးစာရေး ၁ ယောက် စုစုပေါင်း  ၁၈ ယောက် ဇန်နဝါရီ ၂၄ ရက်က အလင်းဝင်ရောက်ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ မူလတန်းပြနဲ့ အလယ်တန်းပြ သင်ကြားရေး ဆရာတွေလည်းပါဝင်ပြီး စစ်ကောင်စီရဲ့ ရက်စက်မှုကိုသိပြီး ကိုယ်တိုင် အလင်းဝင်ရောက်ခဲ့တာလို့ ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံက ပြောပါတယ်။

"ဟုတ်ပါတယ်၊ မူလတန်းနဲ့ အလယ်တန်းပြတွေပါပါတယ်။ ပညာရေးဘုတ် တာဝန်ခံ၊ ပအဖ၊ ပကဖ တို့ရှေ့မှောက်မှာ အလင်းဝင်ရောက်ကြောင်း လက်မှတ်ထိုးကြတာပါ။" 

လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ Non CDM ဝန်ထမ်းတွေကိုလည်း စစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန်မထမ်းဆောင်ကြဖို့နဲ့ အသက်အန္တရာယ်မဆုံးရှုံးဖို့ အမြန်ဆုံး CDM လုပ်ကြဖို့ကိုလည်း မြို့နယ်ပညာရေး ဘုတ်အဖွဲ့ တာဝန်ခံက တိုက်တွန်းပြောဆိုထားပါတယ်။

"စစ်မိစ္ဆာတွေ အလိုကျ အမှုထမ်းတာတွေကို ကိုယ့်အတ္တ တခုတည်းနဲ့ မထမ်းဆောင်ကြပါနဲ့တော့၊ တနိုင်ငံလုံး အတိဒုက္ခရောက်နေကြတာတွေကို ကိုယ်ချင်းစာပြီး အမြန်ဆုံး အလင်းဝင်ရောက်ကြပါ။ တော်လှန်ရေးဟာလည်း မကြာခင် အောင်နိုင်တော့မှာပါ။ ဒါကြောင့် အသက်အန္တရာယ်ကို အဆုံးရှုံးမခံကြဘဲ အမြန်ဆုံး အလင်းဝင်ကြပါလို့ ပြောချင်ပါတယ်" လို့ ပြောပါတယ်။

Non CDM တွေကို အပြစ်ပေးအရေးယူတာတွေ ပါဝင်တဲ့ မူဝါဒ ၄ ရပ်ကို ဖော်ပြထားတဲ့ နိုင်ငံ့ဝန်ထမ်းမူဝါဒ(CDM policy) ကို NUG အစိုးရရဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013