DVB Logo
Home
မြန်မာသတင်း
YDF (ဗဟို)လက်အောက်ခံအဖြစ်မှ တပ်ရင်း ၅ နုတ်ထွက်၊ မဟာမိတ်ညီနောင်အဖြစ် ဆက်လက်ရပ်တည်မည်
DVB
·
January 23, 2023
YDF (ဗဟို)လက်အောက်ခံအဖြစ်မှ တပ်ရင်း ၅ နုတ်ထွက်၊ မဟာမိတ်ညီနောင်အဖြစ် ဆက်လက်ရပ်တည်မည်
Donate to DVB

ယောကာကွယ်ရေးတပ် YDF လက်အောက်ခံတပ်ဖွဲ့ တဖွဲ့ဖြစ်တဲ့ YDF တပ်ရင်း ၅ ဟာ ဇန်နဝါရီ ၂၁ ရက်က စပြီး YDF ဗဟိုကနေ နုတ်ထွက်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

တပ်ရင်း (၅) တာဝန်ရှိသူတွေပါဝင်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ နုတ်ထွက်တာ ဖြစ်ပြီး အာဏာရှင် စနစ်တော်လှန်ရေးမှာတော့ ယောကာကွယ်ရေးတပ်(YDF) နဲ့ မဟာမိတ်ညီနောင်တွေ အဖြစ်ရပ်တည်မယ်လို့ ယောဒေသကာကွယ်ရေးတပ် (YDF) တပ်ရင်း ၅ က သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ  ထုတ်ပြန်ထားပါတယ်။ 

ကောင်းမွန်တဲ့ အရွေ့တခု ဖြစ်ထွန်းတိုးတက်ဖို့ အခုလို နုတ်ထွက်လိုက်တာဖြစ်ပြီး ဘယ်လက်အောက်အနေနဲ့ ရပ်တည်မယ်ဆိုတာမျိုးတော့ မဆုံးဖြတ်ရသေးဘူးလို့ တပ်ရင်း ၅ ရဲ့ တာဝန်ရှိသူ တဦးက  ပြောပါတယ်။ 

အခုကိစ္စနဲ့ပတ်သက်ပြီး YDF (ဗဟို)ကတော့ မကြာခင်မှာ YDF အနေနဲ့ အစီရင်ခံစာ ထုတ်ပြန်သွားပါမယ်လို့ YDF (ဗဟို) ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ယောကာကွယ်ရေးတပ် YDF လက်အောက်ခံတပ်ဖွဲ့တခုဖြစ်တဲ့ YDF  (ကျော) တပ်ဖွဲ့ကလည်း YDF ဗဟိုကနေ နုတ်ထွက်ပြီး NUG လက်အောက်ခံတပ်ရင်းတခုအဖြစ် ဖွဲ့စည်းရပ်တော့မယ်လို့ အဲဒီတပ်ဖွဲ့ တပ်ရင်းက ထုတ်ပြန်ထားပါသေးတယ်။ 

YDF ဟာ ယောဒေသဖြစ်တဲ့ ဆော၊ ကျော၊ ထီးလင်း၊ ကျောက်ထု၊ ဂန့်ဂေါစတဲ့ မြိုနယ် ၅ ခုနဲ့ ဖွဲစည်းထားတာဖြစ်ပြီး လက်ရှိမှာတော့ သဘောထားမတိုက်ဆိုင်တာတွေရှိတဲ့အတွက် လက်အောက်ခံ တပ်ရင်းတွေ ခွဲထွက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသတွင်း တက်ကြွလှုပ်ရှားသူ တွေက ပြောပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013