DVB Logo
Home
မြန်မာသတင်း
ဘွဲ့နှင်းသဘင်လျှောက်လွှာတင်ရန် တောင်ငူတက္ကသိုလ်ဖိတ်ခေါ်၊ ကျောင်းသားအများစု လက်မခံ
DVB
·
January 23, 2023
ဘွဲ့နှင်းသဘင်လျှောက်လွှာတင်ရန် တောင်ငူတက္ကသိုလ်ဖိတ်ခေါ်၊  ကျောင်းသားအများစု လက်မခံ
Donate to DVB

၂၀၁၉ ခုနှစ်နဲ့  ၂၀၂၂ ခုနှစ် (နောက်ဆုံးနှစ် အဝေးသင်စာမေးပွဲ) ဖြေဆိုအောင်မြင်ပြီးတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ဘွဲ့ယူဖို့နဲ့ ဘွဲနှင်းသဘင်လျှောက်လွှာတင်သွင်းကြဖို့ တောင်ငူ တက္ကသိုလ်အဝေးသင်ဌာနက ဇန်နဝါရီ ၁၉ ရက်‌မှာ ထုတ်ပြန်ထားပါတယ်။

ဒီလို လျှောက်လွှာတင်သွင်းဖို့ ဖိတ်ကြားပေမယ့် ကျောင်းသားတွေကတော့ ဘွဲ့နှင်းသဘင် လျှောက်လွှာတင်သွင်းဖို့ အစီအစဉ် မရှိဘဲ စစ်ကောင်စီက ပွဲတွေ အများကြီး ကျင်းပပြီး လူငယ်တွေကို တော်လှန်ရေးနဲ့ ဝေးကွာစေတဲ့ ရည်ရွယ်နဲ့လုပ်ဆောင်တာလို့ စီးပွားရေးဘာသာရပ်နဲ့ ဖြေဆိုအောင်မြင်ခဲ့တဲ့ ကျောင်းသား တဦးက ပြောပါတယ်။

သမိုင်းဘာသာရပ် ကျောင်းသူ တဦးက “ဘွဲ့ယူချင်ပေမယ့် ကိုယ့်အရှေ့မှာတင် သူငယ်ချင်းတွေကို ဖမ်းဆီးသတ်ဖြတ်ခံရသလို ဆရာ ဆရာမတွေလည်း ဖမ်းဆီး ထောင်ချ သတ်ဖြတ်ခံနေရတာ၊ ဒီအဖြစ်ပျက်က ဘယ်လိုမှ မေ့ပျောက်နိုင်မှာ မဟုတ်ဘူး။ တောထဲမှာ ဒုက္ခအမျိုးမျိုးနဲ့ ဖြတ်သန်း နေရတဲ့ လူငယ်တွေကို စာနာပြီး သူတို့ကို လေးစားပြီး သစ္စာရှိရမှာ၊ ဒီအတွက် စိတ်ထဲမှာ လိပ်ပြာ မလုံတာကြောင့် ဘွဲ့လက်မှတ်က ဘဝကို မပြောင်းလဲနိုင်ပါဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံက ပေးအပ်မယ့်ဘွဲ့ကို ယူမယ့် ကျောင်းသားတွေအနေနဲ့လည်း ကိုယ့်မျိုးဆက်သစ် မျက်နှာတွေကို ထောက်ဖို့နဲ့ အသက်ပေးသွားတဲ့ လူငယ်တွေရဲ့ မျက်နှာကို ထောက်ပေးဖို့ကို စီးပွားရေးမေဂျာ ကျောင်းသား တဦးက ပြောပါတယ်။

တောင်ငူတက္ကသိုလ်ဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နေ့ကျောင်းတွေအတွက် ၁၉ ကြိမ်မြောက် နဲ့ အဝေးသင်အတွက် ပထမဆုံးအကြိမ် ဘွဲနှင်းသဘင်ပွဲ ကျင်းပဖို့ လျှောက်လွှာခေါ်ယူ နေတာ ဖြစ်ပါတယ်။

တောင်ငူအဝေးသင်တက္ကသိုလ်ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာလည်း ကျောင်းသားတွေ ဘွဲ့ ယူချင်လာအောင် ဘွဲ့ရဲ့ ဗွီဒီယို ဓာတ်ပုံတွေ တင်ထားကာဆွဲဆောင်နေပြီး ကျောင်းသားတချို့ကတော့ ဘွဲ့သွားယူဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013