DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဒုက္ခသည်စခန်း ထပ်မံမီးရှို့ခံရပြီး ရိုဟင်ဂျာ ၅၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်
DVB
·
January 20, 2023
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဒုက္ခသည်စခန်း ထပ်မံမီးရှို့ခံရပြီး ရိုဟင်ဂျာ ၅၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်
Donate to DVB

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်နယ်ခြားမှတ်တိုင်အမှတ် ၃၀ နဲ့ ၃၅ အကြား Zero Line အနီး ဒုက္ခသည်စခန်းရှိ နေအိမ်တွေ  ဇန်နဝါရီ ၂၀ ရက် ဒီနေ့မွန်းလွဲ ၁ နာရီလောက်မှာ ထပ်မံမီးရှို့ခံရလို့ ရိုဟင်ဂျာ ၅၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ ဒုက္ခသည်တွေထံက သိရပါတယ်။

မျက်မြင်ရိုဟင်ဂျာဒုက္ခသည်တဦးက "ဒီနေနေ့လယ်ပိုင်းမှာ Zero Line မှာကျန်နေတဲ့ နေအိမ်တွေအားလုံး မီးလောင်နေတာကို ကျနော်တို့မြင်နေရတယ်ဗျ။ Zero Line မှာ နေထိုင်တဲ့ ဒုက္ခသည် ၅၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြတယ်။ လက်ရှိမှာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တောင်ပြို စာသင်ကျောင်းတစ်ခုအနီးမှာ ကိုယ်ဟာကိုယ် တဲထိုးပြီးနေထိုင်ဖို့  ဒုက္ခရောက်စွာကြိုးစားနေကြတာတွေ့ရတယ်။"လို့ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက် မနက်ကလည်း အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA)နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး  Zero Line အနီးရှိဒုက္ခသည်စခန်းမီးရှို့ခံရကာ  ဒုက္ခသည် ၅၀၀ လောက်နဲ့ ARSA တပ်ဖွဲ့တွေ မြန်မာဘက်ကို ထွက်ပြေးသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံလုံးက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရတဲ့ ARSA အဖွဲ့ဟာ Zero Line မှာခိုအောင်းပြီး ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာခေါင်းဆောင်တွေကို ခြိမ်းခြောက်သတ်ဖြတ်နေတဲ့အတွက် RSO တပ်ဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတပ်ဖွဲ့တွေ ပူးပေါင်းကာ  Zero Line မှ လူနေအိမ်တွေအားလုံးကို  ရှင်းလင်းလိုက်တာလို့ ရိုဟင်ဂျာတဦးက ပြောပါတယ်။

"နယ်စပ်မျဥ်း  Zero Line  စခန်းမှာ လုံးဝနေမနေစေရဘူးဆိုပြီး RSO တပ်ဖွဲ့တွေက ဆုံးဖြတ်ထားကြတယ်။ အဲဒီစခန်းမှာ လူနေထိုင်နေကြတဲ့အတွက် ARSA အဖွဲ့တွေ လာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေက လူတွေကိုသတ်တယ်။ ပြန်ပေးဆွဲတယ်။ အဲဒါကြောင်းဒီ  Zero Line  မှာ လူမနေစေရဘူးဆိုပြီး RSO နဲ့ ဘင်္ဂလားအစိုးရက ပူးပေါင်းပြီးရှင်းလင်းလိုက်တာ။"

တိုက်ခိုက်လာမှာကိုကြိုသိလို့  ARSA တပ်ဖွဲ့ကလည်း လက်ဦးမှုရယူတိုက်ခိုက်ခဲ့လို့ RSO ဘက်က ၃ ယောက်ကျဆုံးခဲ့ပြီး  တိုက်ပွဲအတွင်း အရပ်သား ဒုက္ခသည် ၅  ယောက်လောက် သေဆုံးသွားတယ်လို့လည်း ပြောတယ်။

တိုက်ခိုက်မှုကြောင်း ARSA တပ်ဖွဲ့တွေ မြန်မာဘက်ကို ထွက်ပြေးသွားကြပြီး နေတွေ မီးလောင်သွားလို့ အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ ဒုက္ခသည်တွေလည်း မြန်မာဘက်ကို  ထွက်ပြေးခဲ့ကြရပါတယ်။

မြန်မာဘက် ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ၅၀၀ ကျော်ထဲတွင် ARSA တပ်ဖွဲ့ဝင်တွေလည်း အရပ်သားအယောင်ဆောင်ပြီး ပါရှိနိုင်တာကြောင့် အဆိုပါ ဒုက္ခသည် ၅၀၀ ကျော်ကို မြန်မာဘက်က လက်မခံဘဲ ဘင်္ဂလားဒေ့ရှ်ဘက်  ပြန်လည်မောင်းထုတ်ခဲ့ရကြောင်း တောင်ပြိုယာရှိ နယ်ခြားစောင့်တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိတွင်  Zero Line ဒုက္ခစခန်းရှိ ARSA မီးရှို့ပြီး ကျန်နေတဲ့လူနေအိမ်တွေအားလုံးကို  RSO တပ်ဖွဲနဲ့ ဘင်္ဂလားအစိုးရတို့ ပူးပေါင်းမီးရှို့ခဲ့ကြတာကြောင့် Zero line မှရိုဟင်ဂျာဒုက္ခသည် ၅၀၀၀ လောက် ဘင်္ဂလားဒေ့ရှ် တောင်ပြိုရှိ စာသင်ကျောင်းအနီးမှာ ယာယီ နေထိုင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013