DVB Logo
Home
မြန်မာသတင်း
ARSA တပ်ဖွဲ့ဝင် ၄၀ ခန့်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး၊ မြန်မာဘက်ခိုလှုံလာသည့် ဒုက္ခသည် ၅၀၀ ကျော်ပြန်ပို့ခံရ
DVB
·
January 20, 2023
ARSA တပ်ဖွဲ့ဝင် ၄၀ ခန့်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး၊ မြန်မာဘက်ခိုလှုံလာသည့် ဒုက္ခသည် ၅၀၀ ကျော်ပြန်ပို့ခံရ
Donate to DVB

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နယ်ခြား မှတ်တိုင်အမှတ် ၃၀ နဲ့ ၃၅ ကြား Zero Line အနီးရှိ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ARSA အဖွဲ့ဝင် ၄၀ လောက်ကို ဇန်နဝါရီ ၁၈ ရက် ညက ဘင်္ဂလားဒေ့ရှ်(RAB) အထူးတပ်ဖွဲ့နဲ့  RSO တပ်ဖွဲ့တွေ ပူးပေါင်းဖမ်းဆီးလိုက်တယ်လို့ နယ်စပ်နေ ဒုက္ခသည်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင် ၂ ဖွဲ့ရဲ့ တိုက်ပွဲအပြီး နေအိမ်တွေစခန်းမီးရှို့ခံရလို့ မြန်မာဘက်ကို ထွက်ပြေးခိုလှုံလာတဲ့  ဒုက္ခသည် ၅၀၀ ကျော်ကိုလည်း ဇန်နဝါရီ ၁၉ ရက်မှာ  ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်ပို့ခဲ့တယ်လို့လည်း ဆိုပါတယ်။

Zero line တွင်နေထိုင်တဲ့ ဒီမာမတ်က "မနေ့က တိုက်ပွဲမှာ RSO အဖွဲ့က ၃ ဦး အထိ ကျဆုံး ခဲ့တယ်။ ARSA တပ်ဖွဲဝင် ၄၀ လောက်ကို ဘင်္ဂလားအစိုးရရဲ့အထူးတပ်ဖွဲ့ RAB က ဖမ်းသွားတယ်။ မြန်မာဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို မြန်မာဘက်က ဘင်္ဂလားဘက်ကို ပြန်ပို့ခဲ့တယ်" လို့ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဇန်နဝါရီ ၁၈ ရက် မနက်က အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)တို့ အကြားတိုက်ပွဲဖြစ်ပွားပြီး အနည်းဆုံး ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တာပါ။

ဒါ့အပြင်  Zero Line အနီးရှိဒုက္ခသည်စခန်းကို ARSA အဖွဲ့တွေမီးရှို့ခဲ့လို့  ဒုက္ခသည်နေအိမ်တွေ မီးလောင်ပြီး ရိုဟင်ဂျာဒုက္ခသည် ၅၀၀ လောက်မြန်မာဘက်သို့ ထွက်ပြေးလာကြတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တဦးက “ဒီကနေ့မှာတော့ ဒုက္ခသည်အားလုံးကို ဘင်္ဂလားဒေ့ရှ်ဘက်ကို မောင်းထုတ်ကြတယ်။ ကျနော်တို့က မြန်မာဘက်က ထွက်ပြေးလာကြသူတွေလေ ပြန်လည် လက်ခံရေး လုပ်လို့ရနိုင်ပါတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ  ၂၀၁၇ ခုနှစ်က ARSA အဖွဲ့ကို အကြောင်းပြုပြီး စစ်တပ်က နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ခဲ့တာကြောင့် ရိုဟင်ဂျာ ​၆ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး နှစ်နိုင်ငံနယ်စပ်မျဥ်းမှာ နေထိုင်နေကြတာဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013