DVB Logo
Home
မြန်မာသတင်း
ထိုင်းစစ်ဦးစီးချုပ်ကို မြန်မာစစ်ခေါင်းဆောင်က ငပလီတွင် ညစာစားပွဲဖြင့် ကြိုဆိုဧည့်ခံ (ဓာတ်ပုံ)
DVB
·
January 20, 2023
ထိုင်းစစ်ဦးစီးချုပ်ကို  မြန်မာစစ်ခေါင်းဆောင်က ငပလီတွင် ညစာစားပွဲဖြင့် ကြိုဆိုဧည့်ခံ (ဓာတ်ပုံ)
1 / 26
Donate to DVB

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့  ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေ Pristine Mermaid Resort မှာ ဇန်နဝါရီ  ၁၉ ရက်က   ညစာစားပွဲနဲ့  ကြိုဆို ဧည့်ခံခဲ့ပါတယ်။  

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာလမ်ဖွန်စရီဆာဝပ်ဒီ ဦးဆောင်တဲ့ ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ၈ ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး တက်ဖို့ မနေ့မနက်က ထိုင်းဘုရင့်တပ်မတော် အထူး လေယာဉ်နဲ့ သံတွဲမြို့မှာ ရောက်ရှိနေတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မနေ့က  ရခိုင်ပြည်နယ်ကိုရောက်ရှိလာပြီး သံတွဲမြို့အနီးရှိ နယ်မြေခံရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်ကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။

Photo-DSINFO/ Military Knowledge for Nation's Might

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013